Thursday, December 19, 2013

ပြည်မြို့ရှိ သခင်မကြီး ဒေါ်သိန်းတင်အုတ်ဂူ ပြန်ပြင်မည်

ဒီဇင်ဘာလ ၂၀ ရက်၊ သောကြာနေ့၊ ၂၀၁၃
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ရွာဘဲနယ်မြေ ကန်တော်ဦးသင်္ချိုင်းဟောင်းအတွင်းရှိ ၁၃၀၀ ပြည့်အရေးတော် ပုံကြီးနှင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းစဉ် ကနဦးကာလအတွင်း ဒို့ဗမာအစည်းအရုံးဝင် သခင်မအဖြစ် ဦး ဆောင်ပါဝင်ခဲ့သူ ဒေါ်သိန်းတင်၏ အုတ်ဂူကို ပြန်လည် ပြုပြင်သွားမည်ဟု အရေးတော်ပုံ သပိတ်တပ်ကြီး ပြည်မြို့သို့ ရောက်ရှိသည့် ၇၅ နှစ်ပြည့် အခမ်းအနားကျင်းပရေး ကော်မတီဝင်များက မဇိ္ဈမကို ပြောသည်။

“၁၃၀၀ ပြည့် အရေးတော်ပုံမှာ ပြည်အနေနဲ့ ဂုဏ်ဆောင်လောက်အောင် ပါဝင်ခဲ့တယ်။ အမျိုးသားရေးစိတ် ဓာတ်ကို လေးစားအားကျတဲ့အနေနဲ့ သူ့ရဲ့အုတ်ဂူ ကို ပြုပြင်ထိန်း သိမ်းဖို့ ဆောင်ရွက်ရခြင်း ဖြစ်တယ်။ အထိမ်းအမှတ်နေ့ မတိုင်ခင် ပြုပြင်ထိန်းသိမ်းသွားမယ်”ဟု ကော်မတီဝင် ဦးကျော်ဆန်းက ပြောသည်။

ဒေါ်သိန်းတင်သည် အသက် ၇၉ နှစ်အရွယ် ၁၉၈၃ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၌ ကွယ်လွန်ခဲ့သည်။ သူ့ကို ဂုဏ်ပြုသည့်အနေဖြင့် ၁၃၀၀ ပြည့်အရေးတော်ပုံ သပိတ် တပ်ကြီး ပြည်မြို့ သို့ရောက်သည့် ၇၅ နှစ်ပြည့်ဖြစ်သော ဒီဇင်ဘာ ၃၁ ရက် အထိမ်းအမှတ် အခမ်းအနားမတိုင်မီ ပြုပြင်ထိန်း သိမ်းရန် စီစဉ်နေခြင်းဖြစ်သည်။

သပိတ်တပ်ကြီးသည် ပြည်မြို့ ရွှေဆံတော်စေတီ အနောက်ဘက်စောင်းတန်းလမ်း ဇောတိကာရုံ ပါဋိတက္က သိုလ်၌ အဆိုပါနေ့တွင် တစ်ညတာ စခန်းချတည်းခိုခဲ့သည်။
ရေခဲ(ပြည်)
Mizzima - News in Burmese