Friday, December 6, 2013

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်အသင်းများ မဲခွဲမှု ပြီးစီး

07 Dec 2013
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ မဲခွဲမှုကို ဒီဇင်ဘာ ၆ ရက်တွင် ပြုလုပ်ခဲ့သည်။ ၃၂ သင်းအဆင့် အုပ်စုများ မဲခွဲရာတွင် လက်ရှိ ချန်ပီယံ စပိန်အသင်းမှာ နယ်သာလန်နှင့် အုပ်စုတစ်ခုတည်းတွင် တွေ့ဆုံနေသည်။ ဂျာမနီနှင့် ပေါ်တူဂီ၊ အင်္ဂလန်နှင့် အီတလီ အသင်းတို့မှာလည်း အုပ်စုတစ်ခုတည်းတွင် တွေ့ဆုံနေပြီး အဆိုပါ အုပ်စုပွဲစဉ်များမှာ ပရိသတ်စိတ်ဝင်စားမှု များပြားမည်ဖြစ်သည်။

အိမ်ရှင် ဘရာဇီးလ်အသင်းမှာ အုပ်စုချောင်သည်ဟု ဆိုရမည်ဖြစ်သည်။ မဲခွဲမှုအပြီး ထွက်ပေါ်လာသည့် အုပ်စုအဆင့် အသင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

GROUP A - ဘရာဇီးလ်၊ ခရိုအေးရှား၊ မက္ကစီကို၊ ကင်မရွန်း

GROUP B - စပိန်၊ နယ်သာလန်၊ ချီလီ၊ သြစတြေးလျ

GROUP C - ကိုလံဘီယာ၊ ဂရိ၊ အိုင်ဗရီကို့စ်၊ ဂျပန်

GROUP D - ဥရုဂွေး၊ ကော်စတာရီကာ၊ အင်္ဂလန်၊ အီတလီ

GROUP E - ဆွစ်ဇာလန်၊ အီကွေဒေါ၊ ပြင်သစ်၊ ဟွန်ဒူးရပ်စ်

GROUP F - အာဂျင်တီးနား၊ ဘော့စနီးယား ဟာဇီဂိုးဗီးနား၊ အီရန်၊ နိုက်ဂျီးရီးယား

GROUP G - ဂျာမနီ၊ ပေါ်တူဂီ၊ ဂါနာ၊ အမေရိကန်

GROUP H - ဘယ်လ်ဂျီယံ၊ အယ်လ်ဂျီးရီးယား၊ ရုရှား၊ တောင်ကိုရီးယား

ဘရာဇီးလ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို ဇွန်လ ၁၂ ရက်မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
Planet Myanmar Network