Wednesday, December 4, 2013

ဗုဒ္ဓဆင်းတု ဦးခေါင်းတော်မှ ဆံတော်များထွက်ပေါ်

Wednesday, 04 December 2013
ဗုဒ္ဓဘုရားဆင်းတုတော်၏ ဦးခေါင်းတော်မှ ဆံတော်များ ထွက်ပေါ်လာသည်ကို အနီးကပ်ဖူးတွေ့ရစဉ်။ ဓာတ်ပုံ-ငယ်ထွေး ဗုဒ္ဓဘုရားဆင်းတုတော်၏ ဦးခေါင်းတော်မှ ဆံတော်များ ထွက်ပေါ်လာသည်ကို အနီးကပ်ဖူးတွေ့ရစဉ်။ ဓာတ်ပုံ-ငယ်ထွေး

ဗုဒ္ဓဘုရား ဆင်းတုတော်၏ ဦးခေါင်းတော် မှဆံတော်များ ထွက်ပေါ်လာသ ဖြင့် ပြည်သူအများပူဇော်နိုင်ရန် ပညာသိပ္ပံဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ပြောင်းရွှေ့ အပူဇော်ခံထားကြောင်း သိရ သည်။ မရမ်းကုန်းမြို့နယ် (၈)ရပ် ကွက် ရေကူး ဘူတာရုံလမ်း ပညာ သိပ္ပံ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း တွင် ဦးခေါင်းတော်မှ ဆံတော်များ ထွက်ပေါ်လာသည့်  ဗုဒ္ဓရုပ်ပွားတော်ကို အများပြည် သူပူဇော် ဖူးမြော်နိုင်ရန် ဘုရား ဒကာမှပြောင်းရွှေ့ပူဇော်ထား ကြောင်း ဘုရား ဒကာဖြစ်သူဦး ခင်မောင်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

ဘုရားဒကာဖြစ်သူ ဦးခင် မောင်ဦးက ''ဇူလိုင် ၁ ရက်က စပြီးတော့ ဘုရားရုပ်ပွားတော် ကနေဆံတော်တွေ ပွင့်လာတာ ကိုဖူးမြော်ရပါတယ်။ အဲဒီနောက် မှာတော့ ရုပ်ပွားတော်လုံခြုံရေး နဲ့ အများပြည်သူဖူးမြော်နိုင်ဖို့ အတွက်ဆိုပြီး ဦးတို့ ကိုးကွယ် တဲ့ဆရာတော်ကျောင်းကို နိုဝင်ဘာ ၃ဝရက်မှာ ရွှေ့ပြောင်းပူ ဇော်ခဲ့တာပါ" ဟုပြောသည်။ ၂၀၁၁ခုနှစ် မတ် ၁၆ရက် တွင် ရန်ကုန်တိုင်းဒေသကြီးလယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနရုံး ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းဗိုလ် က ရာထူးတိုး နှင့် ပြောင်းတဲ့အချိန်တွင် အဆိုပါဗုဒ္ဓရုပ် ပွားတော်ကိုပူဇော်ရန် ပေးထားခဲ့ခြင်းဖြစ်ပြီး ဘုရား ဆံတော်မပွင့်မီအချိန်တွင် နေအိမ်၌ ဝင်ငွေများ တိုးပွားခဲ့ပြီးထူး ခြားဖြစ်စဉ်များဖြစ်ခဲ့သည်ဟု ဦးခင်မောင်ဦးက ပြောသည်။

''ဘုရားဆံတော်မပွင့်ခင် အချိန်မှာကျွန်တော်တို့အိပ်ရာက စောင်ခေါက်တွေထဲ မှာ လောက်ကောင်တွေတွေ့ခဲ့ရပါတယ်။ ဘာအပုပ်အသိုးမှမရှိဘဲ တွေ့ခဲ့ရတာပါ။ ဘုရားဆံတော် ပွင့်တဲ့နေ့မှာပဲ တိုက်ဆိုင်စွာနဲ့ ဘုရားမှာပူဇော်ထားတဲ့ သပြေခက် ကနေ အရွက်တွေထွက်လာပါ တယ်။ နေ့ချင်းကိုထွက်လာခဲ့ တာပါ။ ဘုရားဆံတော်ပွင့်ပြီး နောက်ပိုင်းမှာတော့ ငွေအလုံး အရင်းနဲ့တစ်ခါရခဲ့ပါတယ်'' ဟု ဦးခင်မောင်ဦးက ပြောသည်။ ယင်းကဲ့သို့ ဘုရားဆံတော် ပွင့်ခြင်း သည်ဖြစ်ခဲသည့် ကိစ္စ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ဗုဒ္ဓ သာသနာတော်ယခုထက်ပိုပြီး ထွန်းကားပြန့်ပွား လာနိုင်သည့် နိမိတ်ပင်ဖြစ်ကြောင်း ပညာ သိပ္ပံဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ ကမိန့် တော်မူသည်။

ပညာသိပ္ပံဘုန်းတော်ကြီး သင်ပညာရေးကျောင်းဆရာ တော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒ န္တပညာသာမိက ''နိုဝင်ဘာ ၃၀ ရက်မှာ ကျောင်းကိုရုပ်ပွားတော် ရောက်တဲ့ ည ၇ နာရီခွဲအချိန် မှာပဲ ကျောင်းဝင်းပြည့်ဖူးမြော် ပူဇော်သူတွေနဲ့ ပြည့်နေ ခဲ့ပါတယ်'' ဟုမိန့်တော်မူသည်။ တိုင်းသူပြည်သားခုနစ် ရက်သားသမီးများ အနေဖြင့် ကံပွင့်၊ ဉာဏ်ပွင့်၊ ဓာတ်ပွင့်၊ လာဘ်ပွင့်ပြီးတော့ စီးပွားရေး များ တိုးတက်ပြီး သာသနာပြု ခွင့်များရသည့်အပြင် လက်ရှိ ကျင်းပတော့မည့် (၂၇) ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲသည် လည်း မြန်မာနိုင်ငံ၏အရေးအကြီးဆုံး သော အောင်မြင်မှုများရနိုင်    အောင်ကျင်းပနိုင်မည့်ပွဲတော် တစ်ခုဖြစ်လာနိုင်သည့်နိမိတ် များဖြစ်ကြောင်း ဆရာတော်သဒ္ဓ မ္မဇောတိကဓဇဘဒ္ဒန္တပညာသာ မိက မိန့်တော်မူသည်။ လက်ရှိအချိန်တွင် ဆံ တော်ပွင့်သည့်ဗုဒ္ဓဘုရားဆင်း တုတော်အား ယာယီစံကျောင်းဖြင့် အပူဇော်ခံထားရှိပြီး နောက်ပိုင်း အချိန်များတွင် စံကျောင်းတော် များ၊ ဘုရားကျောင်းဆောင် များတွင် ပူဇော်ပြီး အများပြည် သူဖူးမြော် နိုင်ရန် ခမ်းနား စွာ စီမံသွားရန်စီစဉ်နေကြောင်း သိရသည်။
ငယ်ထွေး(ကလေး)
Yangon Media Group