Friday, December 13, 2013

မြန်မာဘောလုံးအသင်းသားများ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ယနေ့နံနက် သွားရောက်ဖူးမြော်

ဓါတ်ပုံ-Myanmar National U23 Football
ရန်ကုန်-ဒီဇင်ဘာ၁၄
ယနေ့ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် သုဝဏ္ဏလူငယ်အားကစားလေ့ကျင့်ရေးစခန်း၌ ညနေ (၄) နာရီတွင် တီမောနှင့် အင်ဒိုနီးရှားအသင်း၊ ညနေ (၆း၄၅) နာရီတွင် ထိုင်းနှင့် အိမ်ရှင်မြန်မာအသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

ပြင်ဆင်လို့ရတဲ့အပိုင်း အားလုံးပြင်ဆင်ထားပြီးဖြစ်သလို ထိုင်းအသင်းကိုလည်း အကောင်းဆုံးခြေစွမ်းနဲ့ အနိုင်ယူနိုင်ဖို့မျှော်လင့်ထားပါတယ်။ ဒီနေ့မနက် အသင်းသားတွေ ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့ကြပြီး အားလုံးအတွက် ရလဒ်ကောင်းတစ်ခု စွမ်းဆောင်ပေးနိုင်ဖို့ ဆုတောင်းခဲ့ကြ ပါတယ်ဟု Myanmar National U23 Football Team ဖေ့ဘွတ်စာမျက်နှာတွင်ရေးသားထားသည်။

ထိုင်းနဲ့ ပွဲရော၊ အင်ဒိုနီးရှားနဲ့ ပွဲပါ မြန်မာအသင်းက အဖြူရောင်ဝတ်ဆင်မှာပါ။ ဒါဟာလည်း တမင်တ ကာ ရွေးချယ်ဝတ်ဆင်ခြင်းမျိုးမဟုတ်ပါဘူး။ ပွဲစဉ်ဇယား မဲခွဲမှုအရ ကျွန်တော်တို့ အသင်းက Home အသင်းအနေနဲ့ ကန်ရတဲ့ပွဲမှာ မိမိစိတ်ကြိုက်အရောင်ကို ရွေးချယ်နိုင်ပေမယ့် အဝေးအသင်းအဖြစ် ကန်ရတဲ့ပွဲမှာတော့ တစ်ဖက်အသင်းရွေးပြီးတော့မှ ရွေးခွင့်ရပါတယ်ဟု Myanmar National U23 Football Teamဖေ့ဘွတ်စာမျက်နှာတွင်ရေးသားထားသည်။
Popular Myanmar News Journal