Tuesday, December 31, 2013

ကိုရင်လေး(၁)ပါး ရထားကြိတ်ခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁
၃၁.၁၂.၂၀၁၃ ရက်နေ့ ၀၅၁၅ အချိန်တွင် ကမာရွတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ ကမာရွတ်ဘူတာနှင့် ဟံသာဝတီဘူတာအကြားတွင် ကိုရင်လေး(၁)ပါးမှာ ရထားကြိတ်ခံရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့အပ်ထားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ အဆိုပါကိုရင်လေးမှာ အသက်(၁၂)နှစ်ခန့်ရှိပြီး ဘွဲ့အမည်၊ ဘုန်းကြီးကျောင်းနေရပ်လိပ်စာတို့အား မေးမြန်း၍မရဘဲ ရထားကြိတ်ခံရသဖြင့် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ၀ဲနားနောက်ပေါက်ပြဲ၊ ယာလက်မောင်းရင်းမှပြတ်၊ ယာခြေခုံပေါက်ပြဲ၊ ယာခြေချောင်းများပြတ်နေသည့်ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသလျက်ရှိကြောင်းတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ အဆိုပါကိုရင်လေးမှာ ၃၁.၁၂.၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန်ခန့်တွင် ကမာရွတ် ဘူတာအလွန် ကမာရွတ်(၆)ရပ်ကွက်၊ မိုင်တိုင်အမှတ် ၄/၅ နေရာ၌ ရထားသံလမ်းအား ဖြတ်ကူးစဉ် အင်းစိန်ဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာသော ခရမ်း(၁)မြို့ပတ်ရထားဖြင့် တိုက်မိအကြိတ်ခံ ရခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ကိုရင်လေး၏ ဘွဲ့အမည်၊ ကျောင်းနေရပ်လိပ်စာတို့ အားသိရှိနိုင်ရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Yangon Police