Friday, December 13, 2013

လွတ်ငြိမ်း ချမ်းသာဖြင့် လွတ်မြောက်လာသူ ဒီငြိမ်းလင်းအား ပုဒ်မ ၁၈ ဖြင့်အမှု ရင်ဆိုင်ရန် ယနေ့ ဆင့်ခေါ်

ရန်ကုန်-ဒီဇင်ဘာ၁၃
ဒီဇင်ဘာ ၁၁ရက်နေ့ က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဖြင့် အကျဉ်းထောင်မှလွတ်မြောက်လာသူ ဒီငြိမ်းလင်းအားဒဂုံမြို့ နယ်တရားရုံးကပုဒ်မ ၁၈ ဖြင့်အမှုရင်ဆိုင်ရန် ယနေ့ နံနက်ပိုင်းကဆင့်ခေါ်လိုက်သည်ဟု ကာယံကံရှင်ဖြစ်သူ ဒီငြိမ်းလင်းကဆိုသည်။ ဒဂုံမြို့ နယ်တရားရုံးကတရားစွဲလိုက်မှုကိုအမှုရင်ဆိုင်ရန်အတွက်လာမည့် ၁၆ ရက်နေ့ တွင်ရုံးတော်သို့  လာရောက်ရန်အတွက်ဖြစ်ပြီးတရုတ်သံရုံးရှေ့ တွင် ခွင့်ပြုချက်မရပဲ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ကိုဒီငြိမ်းလင်းကဆိုသည်။
ဇေဝေယံ
Popular Myanmar News Journal