Wednesday, November 13, 2013

Patriot ဒုံးကျည်များ ဖြန့်ကျက်ပေးထားရန် NATO ကို တူရကီတောင်းဆို

တူရကီ အစိုးရ၏ တောင်းဆိုချက်အရ NATOသည် ပဋိပက္ခ အခြေအနေများ ဖြစ်ပွားနေရာ ဆီးရီးယားနှင့် နယ်စပ်တစ်လျှောက်တွင် Patriot အမျိုးအစား ခွင်းဒုံးများကို ဖြန့်ကျက်ထားပေးခဲ့

Nov 13 13
တူရကီ နိုင်ငံသည် NATO မဟာမိတ် တပ်ဖွဲ့များထံမှ Patriot ဒုံးခွင်းဒုံးများ ဖြန့်ကျက်မှုကို သက်တမ်းတိုးမြှင့်ပေးရန် တောင်းဆိုလိုက်ကြောင်း သိရှိရသည်။ တူရကီ အစိုးရ၏ တောင်းဆိုချက်အရ NATOသည် ပဋိပက္ခ အခြေအနေများ ဖြစ်ပွားနေရာ ဆီးရီးယားနှင့် နယ်စပ်တစ်လျှောက်တွင် Patriot အမျိုးအစား ခွင်းဒုံးများကို ဖြန့်ကျက်ထားပေးခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ကတည်းက ဖြန့်ကျက်ထားသည့် ဒုံးကျည်များကို နောက်ထပ်(၁)နှစ် ထားရှိပေးပါရန် တူရကီက ပန်ကြားခဲ့ခြင်း ဖြစ်သည်။ "နယ်စပ်အခြေအနေက မနှစ်ကနဲ့ ဘာမှမကွာခြားသေးပါဘူး။ ဒါကြောင့် Patriotတွေကို နေမြဲအတိုင်း ဆက်ထားဖို့ လိုအပ်ပါတယ်"ဟု တူရကီ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လီဗန့်ဂူမာရက်ကူက ပြောကြားခဲ့သည်။

တူရကီ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ အာမက် ဒါဗူတိုဂလူသည် NATOထံသို့ လိပ်မူ၍ စာရေးသားကာ ဒုံးကျည်များကို တောင်ပိုင်းပြည်နယ်များတွင် ဖြန့်ကျက်ပေးထားရန် ပန်ကြားခဲ့သည်။ ဂါဇီယန်တက်ပ်၊ ခါရာမန်မာရက်စ်နှင့် အဒါနာတို့တွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်း Patriot ဒုံးကျည်ပစ်စင် (၆)ခုကို အမေရိကန်၊ နယ်သာလန်နှင့် ဂျာမနီတို့က နေရာချ ထားရှိပေးခဲ့သည်။ ဆီးရီးယားထံမှ ခြိမ်းခြောက်လာနိုင်သည့် အခြေအနေများကြောင့် တူရကီက ယခုကဲ့သို့ ခွင်းဒုံးများ ဖြန့်ကျက်ထားခြင်းဟုလည်း သိရှိရသည်။
Planet Myanmar Network