Thursday, November 14, 2013

ဈေးနှုန်း လျှော့ချထားသည့် Moto G ဖုန်းအသစ်ကို Motorola မိတ်ဆက်

Android OSသုံး စမတ်ဖုန်း အသစ်သည် ဩဂုတ်လ ဖြန့်ချီရောင်းချခဲ့သည့် Moto X၏ စွမ်းဆောင်ရည်ကို အတန်ငယ် နှိမ့်ထားပြီး ဈေးနှုန်းလျှော့ပေါ့ ရောင်းချသည့် အမျိုးအစား ဖြစ်သည်။



Nov 14 13
Motorola သည် တန်ဖိုးနည်း စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချသည့် ဈေးကွက်တွင် ပါဝင်ယှဉ်ပြိုင်ရန် Moto Gကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ဈေးကွက်ထဲတွင် ထုတ်ကုန်များ အရောင်းကျဆင်း လာသည့်နောက် Motorolaက Moto Gဖြင့် အပြောင်းအလဲတစ်ခုခု ဖြစ်လာရန် မျှော်လင့်ထားသည်။ Android OSသုံး စမတ်ဖုန်း အသစ်သည် ဩဂုတ်လ ဖြန့်ချီရောင်းချခဲ့သည့် Moto X၏ စွမ်းဆောင်ရည်ကို အတန်ငယ် နှိမ့်ထားပြီး ဈေးနှုန်းလျှော့ပေါ့ ရောင်းချသည့် အမျိုးအစား ဖြစ်သည်။ Motorola စုစုပေါင်း Moto G ဖုန်းအလုံးရေ (၅၀၀၀၀၀)မျှသာ ဈေးကွက်ထဲ ဖြန့်ကျက်သွားမည်ဟု ပြောကြားထားသည်။ Googleက ပိုင်ဆိုင်ထားသည့် Motorolaသည် ယခုနှစ် အစောပိုင်းက ဒေါ်လာ (၃၄၂)သန်းဖိုးမျှ အရှုံးပေါ်ထားသည်။



Motorolaက ယခုဖုန်း အသစ်ကို အမေရိကန်တွင် (၁၇၉)ဒေါ်လာ၊ ဗြိတိန်တွင် (၁၃၅)ဒေါ်လာဖြင့် ရောင်း ချမည် ဖြစ်သည်။ Moto Gတွင် (၄.၅)လက်မ အကျယ်ရှိ Touchscreen ပါရှိပြီး ကင်မရာ အရည်အသွေးမှာ 5 megapixelဖြစ်သည်။ Android၏ နောက်ဆုံးထုတ် Versionကို OSအဖြစ် အသုံးပြုထားပြီး ဖုန်းကိုယ် ထည် အရောင်အမျိုးမျိုး ရွေးချယ်နိုင်မည်ဟု သိရသည်။ Moto Xဖုန်းကို ဒေါ်လာ(၇၀၀) ဝန်း ကျင်ဖြင့် ဈေးနှုန်းသတ်မှတ် ရောင်းချခဲ့သော်လည်း Moto Gကမူ သိသိသာသာ ဈေးလျော့နည်း သွားခြင်း ဖြစ်သည်။

Moto X၏ ရောင်းအား နည်းပါးလွန်းသည့်အတွက် Moto Gဖြင့် ခြေလှမ်းသစ်တစ်ခုကို Motorolaက စတင်လာခြင်း ဖြစ်သည်။ ယခုဖုန်းတွင် CPUအဖြစ် 1.2GHz Quad-Coreကို အသုံးပြုထားပြီး Memory 1GB ပါရှိမည် ဖြစ်သည်။ ဖုန်း၏ သိုလှောင်မှု စွမ်းရည်အပိုင်းတွင် 8GBနှင့် 16GB နှစ်မျိုးခွဲထားပြီး 8GBအတွက် (၁၇၉)ဒေါ်လာ 16GBအတွက် (၁၉၉)ဒေါ်လာဖြင့် ရောင်းချသွားမည်ဟုလည်း သိရှိရသည်။
Planet Myanmar Network