Tuesday, November 12, 2013

“၀” နှင့် လီစူးတိုင်းရင်းသား အဆိုတော် G လေး ဒုတိယမြောက် အခွေထွက်

လားရှိုး၊ နိုဝင်ဘာ ၁၂။
“၀” နှင့် လီစူးတိုင်းရင်းသား အဆိုတော် တေးဆို G လေး၏ “ကျွန်တော်ချစ်သူ” တေးစီးရီး DVD ခွေမိတ်ဆက်ပွဲကို လားရှိုးမြို့ရှိ နယူပဲလေ့ဟိုတယ်တွင် နိုဝင်ဘာ ၁၂ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

“ပထမအခွေက ပထမခွေတော့ အောင်မြင်ပါတယ်၊ ဒီခွေလည်း အောင်မြင်မယ်လို့ထင်ပါတယ်။ နောက်ထပ်ခွေလည်း ဆက်ထုတ်ဖို့
ရှိပါတယ်၊ ဒီခွေကို ကျွန်တော်ကိုယ်တိုင် လက်မှတ်ရေးထိုးပေးသွားမှာ ကျွန်တော့်ကို အားပေးတဲ့ ပရိတ်သတ်များကိုလည်း ကျေးဇူးတင်ပါတယ်၊ ဆက်ပြီးတော့လည်း အားပေးကြပါ“ဟု အဆိုတော် Gလေးက ပြောကြားသည်။

အဆိုတော် G လေး၏ ယခု အခွေသည် ဒုတိယမြောက်အခွေဖြစ်ပြီး ကိုယ်တိုင်ရေးထားသော သီချင်းများဖြစ်ကြောင်း၊ ၎င်း၏ ပထမအခွေမှာ “ကောင်မလေး” အမည်ဖြင့် ထွတ်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုတော် G လေး၏ ပရိသတ်တစ်ဦးဖြစ်သူ အမျိုးသမီးတစ်ဦးက
“ကျွန်မက သူ့ပရိသတ်တစ်ယောက်ပါ ပထမ 'ကောင်းမလေး' ခွေကိုတော့ အရမ်းကြိုက်လို့ ဒီ ဒုတိယခွေကို လာဝယ်ဖြစ်တာ၊ ဒီရောက်တော့ ကိုယ်တိုင်လက်မှတ်ထိုးပေးနေတာကိုသိတာ၊ ပြောရရင်တော့ ကိုယ်ကြိုက်တဲ့ အဆိုတော် တယောက်ကိုမြင်လည်းမြင်ရ၊ သူ့လက်မှတ်လည်း အမှတ်တရ ဖြစ်သွားတာပေါ့၊ အဆိုတော်Gလေး ဒီထက်မက အောင်မြင်ပါစေ"ဟု ပြောသည်။

အဆိုတော် Gလေး၏ ဒုတိယမြောက် အခွေထဲတွင် ပေါ့နှင့် ရော့ခ် သီချင်းများပါဝင်ပြီး စုစုပေါင်း ၁၂ ပုဒ်ပါဝင်ကြောင်း သိရသည်။
စိုးမင်းနိင်(လားရှိုး)
မြန်မာ့ခေတ်