Friday, November 22, 2013

စိတ်​ကြွ​ဆေး ၁ ​သန်း​ခွဲ ​မူ​ဆယ်​မှာ ​ဖမ်း​မိ

22 November 2013
ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၁၉ ​ရက်​နေ့​ည​က ​မူ​ဆယ်​မြို့​နယ် ​ဟို​မွန်​ရပ်​ကွက် ​နေ​အိမ်​တ​ခု​က​နေ
အင်​ဖက်​တ​မင်း ​စိတ်​ကြွ​ဆေး​ပြား ၁ ​သန်း​ခွဲ ​ဖမ်း​ဆီး​ရ​မိ​ခဲ့​ကြောင်း ​ဒီ​နေ့​ထုတ် ​နိုင်​ငံ​ပိုင် ​သ​တင်း​စာ ​ဖော်​ပြ​ချက်​အ​ရ ​သိ​ရ​ပါ​တယ်။

ice​ဒါ​ဟာ ​အ​ခု​နှစ်​အ​တွင်း ​တ​နေ​ရာ​ထဲ​က​နေ ​ဖမ်း​ဆီး​ရ​မိ​တဲ့ ​စိတ်​ကြွ​ဆေး ​အ​ရည်​အ​တွက် ​အ​များ​ဆုံး​ဖြစ်​ကြောင်း ​မြန်​မာ​နိုင်​ငံ​ရဲ​တပ်​ဖွဲ့​က ​ထုတ်​ပြန်​တဲ့ ​စာ​ရင်း​ဇ​ယား​တွေ​အ​ရ ​သိ​ရ​ပါ​တယ်။

ဒီ ​အင်​ဖက်​တ​မင်း ​ဆေး​ပြား​တွေ​ဟာ ​နယ်​စပ်​ပေါက်​ဈေး ၁ ​ပြား ​မြန်​မာ​ငွေ ၁ ​ထောင်​ကျပ်
နဲ့​တွက်​ရင်​တောင် ​ကျပ်​ငွေ ​သန်း ၁ ​ထောင်​ခွဲ ​ပ​မာ​ဏ​ရှိ​တာ ​တွေ့​ရ​ပါ​တယ်။

အ​လား​တူ ​တ​နေ့​ထဲ​မှာ​ပဲ ​လုံ​ခြုံ​ရေး​တပ်​ဖွဲ့​၀င်​တွေ​ဟာ ​ကွတ်​ခိုင်​မြို့​နယ် ​မုံး​စီး​ဒေ​သ​ထဲ​မှာ ​လက်​နက်​ကိုင်​အ​ဖွဲ့​တစ်​ခု​ရဲ့ ​ဘိန်း​နဲ့ ​မူး​ယစ်​ဆေး​၀ါး ​ချက်​စက်​ရုံ ၁ ​ရုံ​ကို ​တိုက်​ခိုက် ​သိမ်း​ပိုက်​ရ​ခဲ့​ပြီး ​မူး​ယစ်​ဆေး​၀ါး ​ချက်​တဲ့ ​ဆက်​စပ် ​ပ​စ္စည်း​တွေ​အ​ပြင် ​လက်​နက်​ငယ် ၂၂ ​လက်​ကို​လည်း ​သိမ်း​ဆည်း​ရ​မိ​တယ်​လို့ ​ကာ​ကွယ်​ရေး​၀န်​ကြီး​ဌာ​န​က ​သ​တင်း​ထုတ်​ပြန်​ထား​ပါ​တယ်။
DVB