Friday, November 15, 2013

ဆူရှီပြုလုပ်မည့် ဧရာမငါးကြီးကို တရုတ်စားသောက်ဆိုင်က ပြသ

ဂရူပါငါးကြီးသည် အရှည်၂.၆၅ မီတာရှိပြီး အလေးချိန် ၃၄၁.၅ ကီလိုဂရမ်ရှိကြောင်း သိရှိရသည်။ ငါးကြီး၏ လျှာသည်ပင်လျှင် အရှည် ၁ ပေရှိ

Nov 15 13
တရုတ်နိုင်ငံရှိ ဟိုတယ်တစ်ခုသည် ဆူရှီပြုလုပ်ရာတွင် အသုံးပြုမည့် ငါးအသားလွှာအတွက် အလွန်ကြီးမားသော ငါးကြီးတစ်ကောင်ကိုပြသခဲ့သည်။ အဆိုပါ ဂရူပါငါးကြီးသည် အရှည်၂.၆၅ မီတာရှိပြီး အလေးချိန် ၃၄၁.၅ ကီလိုဂရမ်ရှိကြောင်း သိရှိရသည်။ ငါးကြီး၏ လျှာသည်ပင်လျှင် အရှည် ၁ ပေရှိနေသည်။ ယခုငါးကြီးကို နန်ရှာကျွန်းအနီးတွင် နိုဝင်ဘာလ ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယင်းငါးကြီးကို တရုတ်တောင်ပိုင်းရှိ စားသောက်ဆိုင်တစ်ခုက ဝယ်ယူခဲ့ပြီးနောက် ဆူရှီအတွက် ပြင်ဆင် အသုံးပြုခဲ့သည်။ သို့သော်လည်း ဟိုတယ်ရှေ့သို့ ငါးကြီးတင်ဆောင်ထားသည့် မော်တော်ကား ဆိုက်ရောက်လာချိန်တွင် လူအများက အမှတ်တရ ဓာတ်ပုံဝင်အရိုက်ခံခဲ့ကြသည်။

စားသောက်ဆိုင်ပိုင်ရှင် ဘိုလင်ကသူမ၏ဆိုင်သည် ယင်းမျိုးနွယ် ငါးကြီးများကို အထူးတလည် စီမံချက်ပြုတ် ရောင်းချကြောင်းဆိုသည်။ “ဒီငါးတွေကပင်လယ်ရေနက်ပိုင်းမှာ နေကြတာပါ။ မျိုးနွယ်အမျိုးမျိုး ကွဲပြားနိုင်တယ် ဆိုရင်တောင် ဒီငါးကြီးကတော့ မြင်ဖူးသမျှထဲမှာ အရှားဆုံးပဲ။ သာမန်ဆိုရင် တစ်ကီလိုဂရမ်ထက် ပိုကြီးတဲ့ အကောင်မျိုးတောင် တော်တော်ရှားတာပါ။ ဒီတော့ခုလောက် အကောင်ကြီးမျိုးဆို ဘယ်လောက်တောင် ရှားပါးမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။ ဒါကြောင့်လည်းအမြင့်ဆုံးဈေးကို ကျွ န်မ မတွန့်မတိုဘဲပေးချေခဲ့တာပါ” ဟု ဘိုက ပြောကြားခဲ့သည်။ သူမသည် ယင်းငါးကြီးကို မချက်ပြုတ်မီ မြို့ထဲလှည့်လည်ပြသကာ လူအများ တွေ့မြင်နိုင်အောင် ဖန်တီးပေးခဲ့သေးကြောင်း သိရှိရသည်။
 Planet Myanmar Network