Thursday, November 28, 2013

ငွေထုတ်သူမရှိဘဲ ဖြစ်နေသည့် ပေါင်စတာလင် ၁၂ သန်းတန် ထီလက်မှတ်

27 Nov 2013
ဗြိတိန်နိုင်ငံတွင် ပေါင်စတာလင် (၁၂)သန်းတန် ထီပေါက်သူ တစ်ဦးကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေ သည့်နောက် ယင်းထီဆုကို ပိတ်သိမ်းရန် စီစဉ်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ အဆိုပါ ထီလက်မှတ်ကို ဗြိတိန်ရှိ အဆင်းရဲဆုံး နေရာတစ်ခုတွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လက်တွေ့ ထီပေါက် သည့်အခါ ဆုငွေထုတ်သူ မရှိဘဲ ဖြစ်နေသည်။ အကယ်၍သာ ဗုဒ္ဓဟူးနေ့ထိ ဆုငွေထုတ်သူ မရှိပါက ဗြိတိန် သမိုင်းတစ်လျှောက် ငွေမထုတ်သည့် ဒုတိယမြောက် တန်ဖိုးအကြီးဆုံး ထီလက်မှတ်အဖြစ် မှတ်တမ်း ဝင်လာမည်ဟု သိရသည်။ ပြီးခဲ့သည့် နှစ်ကလည်း စတာလင်ပေါင် (၆၄)သန်းတန် ထီလက်မှတ် တစ်စောင်ကို ငွေထုတ်သူ မရှိသည့်အတွက် အများအကျိုးပြု ရန်ပုံငွေ အဖွဲ့အစည်းများထံ လွှဲပြောင်း လှူဒါန်းဖြစ်ခဲ့သည်။

ယခုထီလက်မှတ်သည်လည်း ငွေသားထုတ်ယူခွင့်ကို ဗုဒ္ဓဟူးနေ့ထိသာ ခွင့်ပြုပေးထားသည်။ ထီထိုးခဲ့ သည့် နေရာသည် ဘာမင်ဂမ်ရှိ လေဒီဝုဒ် အရပ်တွင်ဖြစ်ပြီး ဗြိတိန်တစ်နိုင်ငံလုံးတွင် ချို့တဲ့ဆင်းရဲမှု အသိသာဆုံး နေရာမျိုးဟု သတင်းများက ဖော်ပြခဲ့သည်။ ယူရိုမီလျံ ထီလက်မှတ်သည် ယင်းအတွက် ဆုငွေထုတ်ရန် စောင့်မျှော်နေသည်မှာ (၆)လမျှ ရှိနေပြီဖြစ်ပြီး ဗုဒ္ဓဟူးနေ့ည (၁၁)နာရီကို နောက်ဆုံး အချိန်အဖြစ် သတ်မှတ်ပေးထားသည်။ "ခုချိန်ထိတော့ မှန်ကန်တဲ့ ဆုငွေထုတ်ယူမှု အတည်ပြုချက် မရသေးဘူး။ ဒါပေမဲ့ နောက်ဆုံး မိနစ်ထိ ကျွန်တော်တို့ စောင့်မှာပါ"ဟု ယူရိုမီလျံမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ အကယ်၍ JRG437445 ထီလက်မှတ်အတွက် ငွေကြေးထုတ်ယူသူ မရှိပါက ယင်းငွေသားများကို အများအကျိုးပြု ရန်ပုံငွေ အဖွဲ့များထံ လွှဲပေးသွားရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။
Planet Myanmar Network