Friday, November 29, 2013

ရဲတပ်ကြပ် သန်းနိုင်အောင် တင်ဆောင်လာသော သစ်ကားတစ်စီးပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီး

စစ်ကိုင်း နိုဝင်ဘာလ ၂၉
နိုဝင်ဘာလ ၂၉ ရက်နေ့ ၈ နာရီခွဲက စစ်ကိုင်းမြို့ ပါရမီရပ်ကွက် ကုန်းကျော်တံတားအဆင်း ရွှေဘို-မန္တလေးသွား ကားလမ်းတွင် ယာဉ်မောင်း ဦးကျော်ဦး မောင်းနှင်လာသော ၉ခ/၈၈၁၂ ယူဒီကောင်တာ ၆ ဘီးအား ပူးပေါင်းအဖွဲ့မှရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမ၀င်တင်ဆောင်လာသော တမလန်းခွဲ သား ၆၃ တုံးအား တွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

၎င်းကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မောင်းဖြစ်သူအား စစ်ဆေးရာ ယာဉ်မောင်းမှ ပစ္စည်းပိုင်ရှင်မှာ မန္တလေးမြို့နေ ဦးသောင်း၏ ပစ္စည်းများဖြစ်ကြောင်း၊ ကောလင်းမြို့နယ် ဇင်းကျေးရွာမှသယ်ဆောင်ပြီး မန္တလေးသို့ ပို့ဆောင်ပေးရမှာဖြစ်ကြောင်း၊ လမ်းကြောင်းတလျောက် တာဝန်ယူသယ်ဆောင်ပေးသူမှာ စစ်ကိုင်းမြို့ ရဲစခန်းမှ ရဲတပ်ကြပ် သန်းနိုင်အောင်မှ အခကြေးငွေယူ၍ သယ်ဆောင်ပေးသည်ဟု ထွက်ဆိုခဲ့ပါသည်
သစ်တောဝန်ထမ်းတစ်ဦးမှလည်း အဆိုပါ ရဲတပ်ကြပ် သန်းနိုင်အောင်ဆိုသူအား ခရိုင်ရဲမှူးမှ ယခုလိုလုပ်မ စားရန် အကြိမ်ကြိမ် သတိပေးဆုံးမလုပ်ပြီး လက်မှတ်ရေးထိုးခိုင်းတာတွေလည်းမနည်းတော့ဘူး ဒါလည်း ဆက်လက်လုပ်ကိုင်နေတာ ဘယ်လိုပဲဖြစ်ဖြစ် သစ်တောဥပဒေအရတော့ ထိရောက်စွာအရေးယူရမှာပဲ ကျွန်တော့်မှာအထောက်အထားတွေလည်း အခိုင်အမာရှိတယ်၊ တကယ်လို့ သူတို့ရဲက အရေးမ ယူဘူးဆိုလည်း ကျွန်တော်ကတော့ အမှုတွဲထဲ ထည့်ရေးပြီးတင်မှာပါ၊ နောက်ထပ်လည်း ဖမ်းအုံးမှာပါ ရှိပါသေးတယ်ဟု ပြောပါတယ်။
FB-Aung Ko