Thursday, November 14, 2013

ပန်း​ဘဲ​တန်း​လွှတ်​တော်​အ​မတ် ​ရုတ်​တ​ရက် ​သေ​ဆုံး

U Aung San Mp   
ပန်း​ဘဲ​တန်း​မြို့​နယ် ​ပြည်​သူ့​လွှတ်​တော်​ကိုယ်​စား​လှယ် ​ဦး​အောင်​ဆန်း​ဟာ ​နိုဝင်​ဘာ​လ ၁၄ ​ရက်​နေ့​က ​ပြုလုပ်​တဲ့ ​ပြည်​သူ့​လွှတ်​တော် ​အ​စည်း​အ​ဝေး​အ​တွင်း ​ရုတ်​တ​ရက်​လဲ​ကျ​ပြီး ​သေ​ဆုံး​သွား​ပါ​တယ်။

U Aung San Mp​ဦး​အောင်​ဆန်း​ဟာ ​ကြံ့​ခိုင်​ဖွံ့​ဖြိုး​ရေး​ပါ​တီ​က​ဖြစ်​ပြီး ၂၀၁၀ေ​ရွး​ကောက်​ပွဲ​တုန်း​က ​ပန်း​ဘဲ​တန်း ​မြို့​နယ်​မဲ​ဆ​န္ဒ​နယ်​ကေ​ရွး​ကောက်​တင်​မြှောက်​ခံ​ခဲ့​ရ​တဲ့ ​ကိုယ်​စား​လှယ်​တ​ဦး ​ဖြစ်​ပါ​တယ်။

နေ​ပြည်​တော်​ဘော​လုံး​ကွင်း​မှာ  ​ဖြစ်​ခဲ့​တဲ့ ​ပ​ရိ​သတ်​ရဲ့ ​ရမ်း​ကား​မှု​မျိုး​မ​ဖြစ်​အောင် ​လာ​မယ့် ​အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ​မှာ   ​လုံ​ခြုံ​ရေး​ဆောင်​ရွက်​ထား​ရှိ​မှု​နဲ့ ​ပတ်​သက်​ပြီး ​မေး​ခွန်း​ကို ​မေး​ရင်း​နဲ့​  ​အ​ဖြေ​တွေ​ကို ​သက်​ဆိုင်​ရာ ​အား​က​စား​ဒုဝန်​ကြီး ​ဦး​သောင်း​ထိုက်​က ​လာ​ရောက်​ဖြေ​ကြား​အ​ပြီး​မှာ ​နှ​လုံး​ခုန်​ရပ်​ပြီး ​ထိုင်​ခုံ​မှာ ​အ​သက်​ဆုံး​သွား​တာ​လို့ ​ဒီ​က​နေ့ ​လွှတ်​တော်​တက်​တဲ့ ​ဥ​တ္တ​ရ​သီ​ရိ​မြို့​နယ် ​ပြည်​သူ့​လွှတ်​တော်​ကိုယ်​စား​လှယ် ​ဦး​မင်း​သူ​က ​ပြော​ပါ​တယ်။

သူ့​ရုပ်​က​လာပ်​ကို ​နေ​ပြည်​တော် ​ကု​တင်​တ​ထောင်​ဆေး​ရုံ​မှာ ​ပို့​ဆောင်​ထား​ပြီး ​မိ​သား​စု​ရဲ့ ​စီ​မံ​မှု​အ​တိုင်း ​လုပ်​ဆောင်​သွား​မယ်​လို့ ​ပြော​ပါ​တယ်။
DVB