Tuesday, November 26, 2013

နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နှင့် ​ဆေး​လိပ်​တွေ​ကို ​ကုန်​တိုက်​တွေ​က ​ပြန်​သိမ်း​နေ

26 November 2013
ရန်​ကုန်​မြို့​တွင်း ​ဖွင့်​လှစ်​ရောင်း​ချ​နေ​တဲ့ ​ဂ​န္ဒ​မာ ​ဟိုး​ဆေး ​လက်​ကား ​ကုန်​တိုက်​ကြီး ​အ​ပါ​အ၀င် ​ကုန်​တိုက် ​အ​တော်​များ​များ​ဟာ ​သူ​တို့​ဆိုင်​မှာ ​တင်​ရောင်း​ချ​နေ​တဲ့ ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက်​တွေ​ကို ​ပြန်​လည် ​သိမ်း​ဆည်း​နေ​တယ်​လို့ ​ရန်​ကုန်​မြို့​ခံ​တွေ​က ​ပြော​ပြ​ကြ​ပါ​တယ်။

ပြီး​ခဲ့​တဲ့​လ​က ​လှိုင်​မြို့​နယ်​ထဲ​က Quarto Products ​ကု​မ္ပ​ဏီ​ပိုင် ​ဂို​ဒေါင်​တွေ​ကို ​မို​ဘိုင်း​တင်း​မ် ​အ​ဖွဲ့​တွေ​က ၀င်​ရောက် ​စစ်​ဆေး​ခဲ့​ရာ​မှာ ​အ​ကောက်​ခွန် ​ဆောင်​မ​ထား​တဲ့ ​အ​ရက်၊ ​ဘီ​ယာ​နဲ့ ၀ိုင် ​ပု​လင်း ​သောင်း​နဲ့​ချီ ​ဖမ်း​ဆီး​မိ​ကာ ​အ​ရေး​ယူ​ခံ​ရ​ပြီး​နောက် ​ခု​လို ​ဖြစ်​လာ​တာ ​ဖြစ်​ပါ​တယ်။

မို​ဘိုင်း​တင်း​မ်​တာဝန်​ရှိ​သူ​တွေ​က ​မှောင်​ခို​ပ​စ္စည်း ​ဖမ်း​ဆီး​ရာ​မှာ ​လက်​ရှိ ​ဒု​တိ​ယ ​အ​ဆင့်​အ​နေ​နဲ့ ​ရေ​ကြောင်း​က ၀င်​လာ​တာ​တွေ​ကို ​စစ်​ဆေး​ဖမ်း​ဆီး​နေ​တယ်၊ ​တ​တိ​ယ​အ​ဆင့်​ကျ​ရင် ​လေ​ဆိပ်၊ ​ကုန်​တိုက်​တွေ​နဲ့ ​ဂို​ဒေါင်​တွေ​ကို ၀င်​ဖမ်း​မယ်၊ ​ဒီ​ကြား​ထဲ ​တိုင်​ကြား​လာ​တာ ​ရှိ​ရင်​တော့ ၀င်​ရောက် ​ဖမ်း​ဆီး​မယ်​လို့ ​သ​တင်း​ထုတ်​ပြန် ​ထား​တဲ့​အ​တွက် ​ကုန်​တိုက်​တွေ​က ​ခု​လို ​ဖယ်​ရှား​ကြ​တာ ​ဖြစ်​ပါ​တယ်။

လက်​ရှိ ​အ​ချိန်​ထိ ​မြန်​မာ​နိုင်​ငံ​မှာ ​နိုင်​ငံ​ခြား​ဖြစ် ​အ​ရက်၊ ​ဘီ​ယာ၊ ၀ိုင်​နဲ့ ​စီး​က​ရက်​တွေ​ကို ​တ​ရား​၀င်​တင်​သွင်း​ခွင့် ​ပိတ်​ပင်​ထား​ပြီး ​ဟို​တယ်​နဲ့​ ​နိုင်​ငံ​ခြား​သား​တွေ ​ဈေး​၀ယ်​တဲ့ ​ကုန်​တိုက် ​တ​ချို့​ကို​သာ ​သီး​သန့် ​လိုင်​စင်​နဲ့ ​ကန့်​သတ် ​တင်​သွင်း​ခွင့်​ပေး​နေ​တာ ​ဖြစ်​ပါ​တယ်။
DVB