Tuesday, November 19, 2013

တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်း ဗုံးပေါက်ကွဲမှု အဓိကတရားခံကိုဖမ်းမိ

တောင်ငူ၊ နိုဝင်ဘာ ၁၉
အောက်တိုဘာလ ၁၁ ရက်နေ့ရက်နေ့ကပေါက်ကွဲခဲ့သော တောင်ငူမြို့ ချမ်းမြေ့တည်းခိုခန်းဗုံးပေါက်ကွဲမှု အဓိကဆက်စပ်တရားခံ စောထွန်းထွန်းအား ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့ ည ၈နာရီခွဲတွင် ဖမ်းဆီးရ မိကြောင်း တောင်ငူနယ် မြို့မ ရဲစခန်းမှ စုံစမ်းသိရပါသည်။

စောထွန်းထွန်းအား KNU တပ်မဟာ ၃ မှ ကျောက်ကြီးမြို့ရဲတပ်ဖွဲ့သို့ ယမန်နေ့က လာရောက်အပ်နှံခဲ့ ပြီး တောင်ငူမြို့နယ် မှသက်ဆိုင်ရာ တာဝန်ရှိသူများမှ ထပ်မံလွဲပြောင်ရယူခဲ့ပြီး တောင်ငူမြို့နယ် တရားရုံး၌ ယနေ့ နိုဝင်ဘာ ၁၉ ရက်နေနံနက်ပိုင်းတွင်ရမန်ယူပြီး ဆက်လက် စစ်ဆေးခဲ့ရာ ညနေပိုင်း တွင် ဖြောင့်ချက်ပေးဝန်ခံထွက်ဆိုခဲ့ပြီဖြစ်ကြောင်း ဆက်လက်စုံစမ်းသိရှိရသည်။
FB-Kyaw Swar Myint