Thursday, November 21, 2013

ရေလှောင်ကန် ၅၀ ဆောက်ပေးမည်ဟု တိုင်းအစိုးရကတိပေးထားသော်လည်း သုံးလကြာအထိမထူးခြား

သောကြာနေ့၊ နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၁၃
တိုင်းဒေသကြီးအစိုးရက ရေလှောင်ကန်များ တည်ဆောက်ရန်အတွက် ယခုဘဏ္ဍာရေးနှစ်အတွင်းရေကန် အလုံး ၅၀ ခန့်ဆောက်ပေးမည်ဟု ကတိပြုထားသော်လည်း သုံးလကြာသည်အထိ ထူးခြားမှုမရှိသေး ဘဲ ကျေးရွာပေါင်း ၂၀ ခန့်သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသည်ဟု ကြိမ်ချောင်းကြီးကျေးရွာ ၁၃ ရွာ အုပ်စုအတွင်းရေးမှူး ဦးဇင်မျိုးက မဇ္ဈိမကိုပြောကြားသည်။

ဘိုကလေးမြို့နယ်ရှိ အဆိုပါကျေးရွာ ၂၀ ကျော်သည် နှစ်စဉ်နိုဝင်ဘာလတွင် ပင်လယ်ရေများ ၀င်ရောက် တတ်ပြီး သောက်သုံးရေ အခက်အခဲရှိသည့်အတွက် ကျေးလက်ဖွံ့ဖြိုးရေးနှင့် တိုင်းဒေသကြီးအစိုးရတို့က ပူးပေါင်းကာ ရေကန်များဆောက်လုပ်ပေးမည်ဟု ကတိပေးထားခဲ့ခြင်းဖြစ်သည်။

“ဒီအချိန်ဆို ရွာလယ်ရေကန်က ရေခန်းစပြုလာတယ်။ သောက်သုံးရေအတွက် ဒီဒေကလူတွေမှာ အရမ်း အခက်အခဲဖြစ်ရတယ်။ မြေမှာတူးထားတဲ့ ရေလှောင်ကန်ဖြစ်လို့ ကျမ်းမာရေးထိခိုက်မှုတွေလည်းရှိတယ်” ဟု အိမ်ခြေ ၃၀၀ ခန့်ရှိသော ချောင်းဗြဲကြီးကျေးရွာမှ ဆယ်အိမ်မှူး ဦးမြင့်ဋ္ဌေးက ကြုံတွေ့နေရသည်ကို ပြောပြသည်။

သောက်ရေကန်များ တည်ဆောက်ပေးရန်အတွက် တိုင်းဒေသကြီးဝင်ငွေဖြင့် တည်ဆောက်ပေးရန် သ ဘောတူညီမှုရရှိထားပြီးဖြစ်ကာ ဒီဇင်ဘာလဆန်းပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် လွှတ် တော်ကိုယ်စားလှယ်များ ကွင်းဆင်းလေ့လာမှုများကို ပြုလုပ်သွားမည်ဖြစ်သည်ဟု ဘိုကလေးမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်းကဆိုသည်။

“ကျွန်တော်တို့ဒေသမှာက နံပါတ်တစ်လိုအပ်မှုက သောက်သုံးရေပါ။ ရေကို ၀ယ်သုံးရတဲ့လူတွေရှိတယ်။ အခြေခံ လူတန်းစားတွေဖြစ်တဲ့အတွက် ရေ၀ယ်သုံးရဖို့ဆိုတာလည်း အဆင်မပြေဘူး။ ဒါကြောင့် မိုးရေ လှောင်ကန်တွေ လိုချင်တယ်” ဟုဆိုသည်။

အဆိုပါကျေးရွာများတွင် မြေတူး ရေလှောင်ကန်များကို အသုံးပြုရသဖြင့် ကလေးသူငယ်များတွင်ဝမ်းပျက် ၀မ်းလျောဖြစ်မှုများ နှစ်စဉ်ကြုံတွေ့ရပြီး တည်ဆောက်ပေးမည်ဆိုသော အုတ်ရေလှောင်ကန်များကိုအမြန် ဆုံးတည်ဆောက်ပေးရန် လိုအပ်လျက်ရှိနေသေးသည်။
ဖိုးစိုးသူ
Mizzima - News in Burmese