Monday, November 25, 2013

ဓါတ်ဆီ တိုင်ကီမှ ဆီခပ်ယူစဉ် မီးလောင်း

မုဒုံ နိုဝင်ဘာ၂၄
မုဒုံမြို့နယ် ကွမ်လှာကျေးရွာအုပ်စုပိုင် အမှတ်(၂) စက်မှုဝန်းကြီးဌာန စိုက်ကွက်(၂)ရာဘာခြံဝင်း အတွင်း ရှိ မော်လမြိုင်---သံဖြူဇရပ်ကားလမ်း မိုင်တိုင် ၃၇/၄နှင့် ၃၇/၅ အကြား ရောင်းချနေသည့် လောင်စာ စက်သုံး ဆီဆိုင်သည် ၂၀၁၃ နိုဝင်ဘာ၂၄ ၁၅:၁၀အချိန် ဓါတ်ဆီ တိုင်ကီမှ ဆီခပ်ယူစဉ် မီးကူး စက် လောင်းကျွမ်းခဲ့ကြောင်း ၊ အဆိုပါ လောင်းကျွမ်းမှုကြောင့် ဓါတ်ဆီဆိုင်နှင့် အနီးလူနေ သွပ်မိုး ပျဉ်ခင်း ပျဉ်ကာ နေအိမ်တစ်လုံး မီးကူးစက် လောင်းကျွမ်းခဲ့ကြောင်းသိရပါသည်။

မီးလောင်းမှုဖြစ်ပွားရာသို့ သံဖြူဇရပ်မြို့ မီးတပ်ဦးစီးမူး နှင့်အတူ မီတပ်ယာဉ်(၁၁)စီး၊ ရေသယ်ယဉ်(၃)စီး မီးတပ်တပ်ဖွဲ့ဝင်နှင့် ပြည်သူများ ငြိမ်းသတ် ခဲ့ရာ ၁၅:၅၀ အချိန် မီးညွှန့်ကျိုးသွားပြီး ၁၆:၁၀ အချိန် မီးလုံးငြိမ်းသွားခဲ့ကြောင်း အခင်းဖြစ်ရာ အရပ်သို့ သံဖြူဇရပ်မြို့ တပ်နယ်မူး ဗိုလ်မူးချူပ်တောက်ထွန်းနှင့် တာဝန် ရှိသူများကြီးကြပ်ခဲ့ကြောင်း၊ ဤဖြစ်စဉ်နှင့် ပတ်သက်၍ မီးပေါ့ဆ သုံးစွဲသူ လောင်စာ ဆီဆိုင် ပိုင်ရှင် ဒေါ်ခင်မင်းမင်းဦး အဘ (ဦးသက်ဝေအောင်) ဥပဒေ အရ အရေးယူ ဆောင်ရွှက်လျက် ရှိကြောင်း၊ မီးလောင်ဆုံးရှုံးမှု တန်ဘိုးမှာ သိန်း(၅၀) ၀န်ကျင်ခန့် ရှိကြောင်း သတင်းရရှိပါသည်။
thanbyuzayat watch