Wednesday, November 20, 2013

“ထာဝရမန္တလေး” ဇာတ်လမ်းတွဲ ထိုင်းနှင့် မြန်မာရုပ်သံတွင် ဇန်န၀ါရီလ၌ပြသမည်

ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၃
“ထာဝရမန္တလေး” ဇာတ်လမ်းတွဲကို ပြည်တွင်းရှိ MRTV-4 ၊ Channel-7 နှင့်အတူ ထိုင်းရုပ်သံတွင်လည်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် တစ်ပြိုင်နက်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း ဒါရိုက်တာ ဇာတ်ညွှန်းငြိမ်းမင်း ကမဇ္ဈိမသို့ ပြောကြားသည်။ အဆိုပါဇာတ်လမ်းတွဲကို Forever ကုမ္ပဏီနှင့် Bectero တို့က ပူးပေါင်းတင် ဆက်ရိုက်ကူးခြင်းဖြစ်ပြီး ထိုင်း Channel-7 တွင်လည်း တစ်ပြိုင်နက်ပြသမည်ဖြစ်သည်။

၎င်းဇာတ်လမ်းသည် Bectero ကုမ္ပဏီပိုင်ရှင် မစ္စတာဘရိုင်ယန်၏ ဇာတ်လမ်းကို ငြိမ်းမင်းက ဇာတ်ညွှန်းခွဲ ကာ ဒါရိုက်တာများက အပိုင်းလိုက်တာဝန်ယူကာ ရိုက်ကူးထားသည့် ဇာတ်လမ်းဖြစ်သည်။

ယင်းဇာတ်လမ်းတွဲ ရိုက်ကူးရေးနှင့် ပတ်သက်၍ ဒါရိုက်တာငြိမ်းမင်းက “ဒီဇာတ်လမ်းကို သင်္ကြန်ပြီးက တည်းက ရိုက်နေတာပါ။ ဇာတ်လမ်းထဲမှာ မြန်မာရာဇ၀င်ထဲက မြင်ကွန်း၊ မြင်းခုံတိုင်မင်း သားရာဇ၀င်ဖြစ် တဲ့ မြန်မာအချင်းချင်း လုပ်ကြံမှုတွေကို ထည့်သွင်းရိုက်ကူးထားတာပါ”ဟုဆိုသည်။

ယင်းဇာတ်ကားကို ရန်ကုန်၊ မန်္တလေး ရှိနေရာများနှင့် ရိုးရာပွဲတော်များဖြစ်ကြသည့် မင်းကွန်းခေါင်းလောင်းနေရာ၊ တောင်ပြုံးပွဲ၊ ပုဂံမနူဟာဘုရားပွဲများကိုလည်း ဇာတ်လမ်းအတွင်း ထည့်သွင်းရိုက်ကူးနိုင် အောင်စီစဉ်ရေးသားထားသည်။ ဒါ့အပြင် ထိုင်းနိုင်ငံရှိ ၀ဘ်ရုံဘုရား၊ ဆေးရုံ (ဗီယက်ထိုင်း၃)၊ သုဝဏ္ဏဘူ မိလေဆိပ်နေရာများတွင် သွားရောက်ရိုက်ကူးသည့် ဇာတ်လမ်းဖြစ်သည်။ ၎င်းဇာတ်လမ်းတွဲတွင် အပိုင်း ၄၀၀ ကျော်ပါဝင်မည်ဖြစ်သည်။

“ပထမတော့ အပိုင်း ၂၀ လောက်ပဲ ပြဖို့စဉ်းစားထားတာပါ။ ပထမတုန်းက သြဂုတ်လလောက်မှာပြဖို့ ရည်ရွယ်ထားပေမယ့် ပါဝင်တဲ့သရုပ်ဆောင်တွေရဲ့ အခြားကားရိုက်ရက်တွေကြောင့် ကြန့်ကြာတာမျိုး တွေရှိသွားလို့ နောက်ကျသွားတာပါ” ဟု ဇာတ်ညွှန်းဆရာက ပြောကြားသည်။

အဆိုပါဇာတ်လမ်းတွဲ ရိုက်ကူးမှု၏စက်မှုပိုင်းဆိုင်ရာကို ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် Bectero ကုမ္ပ ဏီမှ ပံ့ပိုးပေးထားခြင်းဖြစ်သည်။ ယင်းဇာတ်လမ်းတွဲတွင် နေအောင်၊ ဇော်ဝင်းနိုင်၊ မို့မို့မြင့်အောင်၊ မေသန်းနု၊ ၀ါဝါအောင်၊ မေသဉ္ဇာဦးစသည့် ၀ါရင့်အနုပညာရှင်များနှင့်အတူ တက်သစ်စ အောင်မင်းခန့်၊ အောင်ရေချမ်း၊ ဟန်လင်းသန့်၊ မေဟင်သဒ္ဒါ၊ မုန်း၊ ဂျူးဂျူးကေတို့မှ ပါဝင်သရုပ်ဆောင်ထားသည်။
ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese