Tuesday, November 19, 2013

အသက်အာမခံထားရှိသူ ထည့်ဝင်ငွေကြေးအပြင် အတိုးပါ ထပ်ဆောင်းပေးရန်စီစဉ်

ဆွဲဆောင်မှုအားနည်းနေသော မြန်မာ့အသက်အာမခံလုပ်ငန်းကို ပြန် လည်ပြုပြင်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက ပြောသည်။

လက်ရှိကျင့်သုံးနေသော မြန်မာနိုင်ငံ၏အသက်အာမခံစနစ်မှာ အာ မခံထားလိုသည့် ငွေပမာဏကို ထားရှိလိုသည့် သက်တမ်းအတွင်း ပြည့် မီ အောင်ထည့်သွင်း၍ သတ်မှတ်ချိန်မတိုင်မီ အာမခံထား သူမှ သေဆုံး လျှင် ငွေကြေးပမာဏကို ပေးလျော်သော်လည်း သေဆုံးမှုမရှိပါက သက်တမ်းပြည့် သည့်နှစ်တွင် ယင်းငွေကိုသာ ပြန်လည် ထုတ်ပေးသည့် စနစ်ဖြစ်သောကြောင့် ပြည်သူအများ စိတ်ဝင်စားမှုနည်းနေကြောင်း ၄င်းကဆိုသည်။

”ဥပမာ အာမခံဆယ်သိန်းထားရင် သက်တမ်း ၁ဝ နှစ်အတွင်း လအလိုက် ပြည့်မီအောင်သွင်းရတယ်။ သေ မှစုတဲ့ ဆယ်သိန်းကို ထုတ်ပေးလိုက်တယ်။ မသေတဲ့အခါ သက်တမ်းစေ့တဲ့နှစ်မှာ ပြန်ထုတ်ပေးလိုက် တယ်”ဟု ဒေါက်တာမောင်မောင် သိမ်းက ပြောသည်။

ယခုပြန်လည်ပြင်ဆင်ရန် စဉ်းစားရာတွင် ထည့်ဝင်သည့်ငွေကြေး ပမာဏအပြင် အတိုးနှုန်းကိုပါ ထပ်ဆောင်းပေးခြင်းမျိုးဖြင့် အသက်အာမခံ ထားရှိသူများပြားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

”အခုဟာက ဒီနှစ်မှာ ဆယ်သိန်းသွင်းရင် နောင်ဆယ်နှစ်မှာ ဘာမှမ ဖြစ် လို့ပြန်ထုတ်ပေးတဲ့ ဒီငွေဆယ် သိန်းက ငွေပမာဏတူပေမယ့် တန်ဖိုးချင်း တူချင်မှတူတော့မှာ။ ဥပမာအာမခံ ထည့်ဝင်စဉ်က ဒီငွေဆယ်သိန်းနဲ့ မော် တော်ကားတစ်စီး ဆိုင်ကယ်တစ်စီးဝယ်ချင်ဝယ်နိုင်မယ်။ ပြန်ပေးတဲ့အခါ ဒီသဘောတရားတွေ ရချင်မှရနိုင်မယ်”ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် မြန်မာ့အာမခံလုပ်ငန်းသည် အာမခံ အမျိုးအစား ၄၆ မျိုးလုပ်ကိုင်လျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီများကို အာမခံခြောက်မျိုး လုပ်ကိုင်ခွင့်ပေး ထားသည်။
ဝေမာထွန်း
Popular Myanmar News Journal