Monday, November 18, 2013

မဲဇလီဖူး တက်ခူးစဉ် ဓာတ်လိုက်သေဆုံးမှု နှစ်ခုပါဝင် တစ်ရက်အတွင်း သေမှု ခုနစ်ခုထိရှိ

 နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၁၃
ရန်ကုန်တိုင်းတွင် နိုဝင်ဘာ ၁၇ ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် သေမှုသေခင်းပေါင်း ခုနစ်ခုထိ ဖြစ်ပွားခဲ့ရာ မဲဇလီဖူးတက်ခူးစဉ် ဓာတ်လိုက်သေဆုံးရမှု နှစ်ခုထိ ပါဝင်ခဲ့သည်။

ပထမဖြစ်စဉ်တစ်ခုတွင် လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) တွင် မဲဇလီဖူးတက်ခူးသည့် လူငယ်တစ်ဦး ဓာတ်လိုက် သေဆုံးမှုတစ်ခု နံနက် ၁၀ နာရီ ၅၀ မိ နစ်ခန့်က ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ စက်မှုဇုန်အတွင်းရှိ ဦးမှိုလမ်းနှင့် ဦးအောင်သူရလမ်းထောင့် စက္ကူဘူးထုတ်လုပ်ရေး စက်ရုံရှေ့တွင်ရှိသော မယ်ဇလီပင်ပေါ်အား မဲဇလီဖူးတက်ခူးရာမှ ဓာတ်လိုက်သေဆုံးခြင်း ဖြစ်သည်။

“နဖူးကို ဓာတ်လိုက်ခံရတယ်ထင်တယ်။ ဒဏ်ရာ တွေ့တယ်။ ဓာတ်လိုက်လို့ အခင်းဖြစ်နေရာမှာပဲ ပွဲ ချင်းပြီး သေဆုံးနေတာကို တွေ့ရတယ်” ဟု သွားရောက်ကြည့်ရှုခဲ့သည့် ကိုရဲကိုနိုင်က မဇ္ဈိမကို ပြော သည်။

သေဆုံးသူမှာ အောင်သူထွန်း (၁၈)နှစ် (ဘ)ဦးတင်စိုးဖြစ်ပြီး ရေခဲတောင်ရေသန့်စက်ရုံမှ စက်ရုံလုပ် သားတစ်ဦးဖြစ်ပြီး မဲဇလီပင်ပေါ်တက်ရာတွင် စက္ကူထုတ်လုပ်သည့် စက်ရုံအတွင်းသို့ သွယ်တန်းထား သော 11 KV ရှိသော ဓာတ်ကြိုးအား ဆွဲကိုင်မိရာမှ ဓာတ်လိုက် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ဒုတိယ လူသေမှုတစ်ခုမှာ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး သာကေတမြို့နယ် ၄/တောင် ရပ်ကွက်၊ ရှုခင်းသာ မြို့ပတ်လမ်းကြီးဘေးရှိ မဲဇလီပင်ပေါ်တွင်ပင် ဓာတ်လိုက်သေဆုံးခံရခြင်း ဖြစ် သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

သေဆုံးသူမှာ မျိုးမင်းသိန်း (၃၃)နှစ်၊ ဈေးရောင်းသူတစ်ဦးဖြစ်ပြီး မဲဇလီဖူးခူးရန် သစ်ပင်ပေါ်တက်ရာတွင် သာကေတ ဓာတ်အားပေးစက်ရုံမှ သီတာဓာတ်အားခွဲစက်ရုံသို့ သွယ်တန်းထားသည့် 66 KV ဓာတ်အား ကြိုးလိုင်းအား ထိမိရာမှ ဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဓာတ်လိုက်မှုကြောင့် ခန္ဓာကိုယ်ပြာနှမ်းပြီး နှာခေါင်းသွေးအနည်းငယ်ထွက်ကာ မဲဇလီပင်ပေါ်မှာပင် ချိတ်တွယ်လျက် သေဆုံးခဲ့သည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese