Friday, November 15, 2013

မိုင်းဖုန်းဆရာတော် မြန်မာနိင်ငံပြန်လည်ကြွချီ (ဓါတ်ပုံ)

တာချီလိတ်-နိဝင်ဘာ၁၅
မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် ထိုင်းနိုင်ငံ၌ ၉နှစ်ကျော်အကြာ သီတင်းသုံး နေထိုင်တော်မူပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ မှ တဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်သို့ ယနေ့နေ့လည် ၁၁ နာရီ ၆မိနစ်အချိန်ကပြန်လည် ကြွချီတော်မူလာရာ လူပေါင်းများစွာဖူးမျော်ကြိုဆိုခဲ့ကြသည်။

ဆရာတော်ဟာဒီည နဂါးနှစ်ကောင်ကျောင်းတိုက်မှာ သီတင်းသုံးပြီး မနက်ဖြန်တွင် မိုင်းဖုန်းသို့ပြန်လည်ကြွချီမည်ဟု တာချီလိတ်မှဗိုလ်မှူးနေ၀င်းကပြောသည်။

မိုင်းဖုန်းဆရာတော်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းဖုန်းဒေသတွင် ရှမ်းတိုင်းရင်းသားများနှင့် မြန်မာလူမျိုးများအပြင် ထိုင်းနိုင်ငံနှင့်အခြားနိုင်ငံများကပင် လူသိများခဲ့သောဆရာတော်ဖြစ်သည်။
Popular Myanmar News Journal
Photo From: @ครูบาบุญชุ่มครูบาสายล้านนาสายป่ากรรมฐาน