Monday, November 18, 2013

ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၏ သတင်းစာရှင်းလင်းပွဲ

ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဆလွတ် ဂွမ်မော်၏ ရန်ကုန်မြို့သို့ ပထမဆုံးရောက်ရှိလာသည့် ခရီးစဉ်အတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ဓမ္မစေတီလမ်းနှင့် အင်းယားလမ်းထောင့်ရှိ Business Allience Hotel တွင် နိုဝင်ဘာလ ၁၈ ရက်နေ့မွန်းလွဲပိုင်းက တွေ့ရစဉ်။

၎င်းခရီးစဉ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် တိုင်းရင်းသားနှင့် နိုင်ငံရေးပါတီ ၁၇ ဖွဲ့ တွေ့ဆုံပွဲသို့ တက်ရောက်ရန်အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး မူဘောင်ရေးဆွဲရန်အတွက် လာရောက်ရခြင်းဖြစ်ကြောင်း သိရသည်။
Mizzima - News in Burmese
ဓါတ်ပုံ- ဟောင်ဆာ