Monday, November 25, 2013

ဆီးဂိမ်းပြိုင်ပွဲမှ ခြင်းလုံး ကစားပွဲရလာဒ်များကို လက်ကိုင်ဖုန်းဖြင့် တိုက်ရိုက် ကြည့်ရှုနိုင်

နေပြည်တော်၊ နိုဝင်ဘာ ၂၅။
(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ယှဉ်ပြိုင် ကျင်းပမည့် ခြင်းလုံးအား ကစားနည်းမှ ပြိုင်ပွဲရလာဒ်များကို Android ဖုန်းများတွင် ဆီးဂိမ်းခြင်းလုံး (Sea Game Chin Lone)ဂိမ်းကို ထည့်သွင်း ကစားခြင်းဖြင့် တိုက်ရိုက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ၎င်းဂိမ်းတွင် တွေ့ရသည်။

ယင်းခြင်းလုံးဂိမ်းသည် လက်ကိုင်ဖုန်းအတွက် ရည်ရွယ် ထုတ်လုပ်ထားသော ဂိမ်း အမျိုးအစားတစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ လာဘ်ကောင် ဇီးကွက် ရုပ်ကလေးမှ ခြင်းလုံး ဆော့ကစားသည့် ကစားနည်းတစ်မျိုး ဖြစ်သည်။

အဆိုပါဂိမ်းကို Total Gameplay Studio မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၂၅) ရက်မှစတင်ကာ အင်တာနက်မှအခမဲ့ ရယူနိုင်ပြီး ယခုအချိန်တွင် လက်ကိုင်ဖုန်းများတွင် ထည့်သွင်း ကစားလျက် ရှိသော လူကြိုက်များသည့် ဂိမ်းအမျိုးအစား တစ်ခုဖြစ်နေသည်။
မြန်မာ့ခေတ်