Saturday, November 30, 2013

ချောင်းသာကမ်းခြေ၌ လိုင်စင်မရှိ စရိတ်နည်း တည်းခိုခန်းများကို တိုးချဲ့ တည်ဆောက်

ချောင်းသာကမ်းခြေသို့ သွားရောက် သော ပြည်တွင်းဧည့်သည် များပြားလာ သည်နှင့်အမျှ တရားဝင်မဟုတ်သည့် ငွေကြေးသက်သာစွာ တည်းခိုနိုင်သော တည်းခိုခန်း များ တိုးချဲ့ဆောက်လုပ်လာ ကြကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတည်းခိုခန်းများကို ဖိုးကု လားကျွန်းသွားသော သင်္ဘောဆိပ်နား တွင် ဆောက်လုပ် လာကြခြင်းဖြစ်ပြီး ယခုနှစ်တွင် တည်းခိုခန်းများပြား လာသော ကြောင့် စည်ပင်လိုင်စင်ယူထားသော တည်းခိုခန်းများ ဧည့်သည် နည်းပါးပြီး အခက်တွေ့နေသည်ဟု ချောင်းသာကမ်း ခြေတည်းခိုခန်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအားရွှေ က ပြောသည်။

”တည်းခိုခန်းသစ်တွေက ပင်လယ် ဘက်ခြမ်းဆိုတော့ ဧည့်သည်တွေက အဲဒီ ကိုပဲ သွားကြတယ်။ ကားအစီးငါးဆယ် ဝင်လာရင် ကျွန်တော်တို့ လိုင်စင်ယူထား တဲ့ တည်းခိုခန်းတွေက အခန်းတစ်ခန်းမှ ကို မရဘူး”ဟု ဦးအားရွှေကပြောသည်။

အသစ်ဆောက်လုပ်ထားသော တည်းခိုခန်းများသည် အခန်း ၅ဝ ခန့်ရှိ ပြီး တရားဝင် လိုင်စင်ရယူထားခြင်း မရှိ သောကြောင့် စိစစ်ဆောင်ရွက်ပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာသို့ တင်ပြထားကြောင်း ဦး အားရွှေက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ချောင်း သာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတေ ဇာအောင်က”အသစ်လုပ် ထားတဲ့တည်းခို ခန်းတွေကို စနစ်တကျလုပ် ထုံးလုပ်နည်း နဲ့အ ညီ ဆောင်ရွက်ဖို့ စည်ပင်က တား စာပို့ထားပါတယ်” ဟု ပြောကြားသည်။

အဆိုပါမြေများသည် ၁၉၈၉ ခုနှစ် ကတည်းက တပ်မတော်မှ သိမ်းဆည်း ထားသော မြေများဖြစ်ပြီး မြေ များပေါ် တွင် မည်သည့်စီမံကိန်းမျှ ဆောက် လုပ် ခြင်းမရှိေ သာေ ကြာင့် မူလပိုင်ရှင်များက သမ္မတထံအသနားခံစာ တင်ကာ ပြန်လည် လုပ်ကိုင်ခွင့်တောင်းခံထားခြင်းဖြစ်ကြောင်း မြေ ၃ဧက သိမ်းဆည်းခံထားရပြီး လက် ရှိတွင် တည်းခို ခန်းဆောက်လုပ်ထားသူ တစ်ဦး က ပြောသည်။

”ကျွန်တော်တို့ တည်းခိုခန်းတွေကို ပိတ်ပေးဖို့ ပြောနေတယ်။ ကျွန်တော်တို့ က နစ်နာဆုံးရှုံးထားရ သူတွေ ဖြစ်တယ်။ အဲဒါကြောင့် ဒီတည်းခိုခန်း လုပ်ငန်းကိုပဲ လုပ်ကိုင် စားခွင့် ရချင်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။

တည်းခိုခန်းသစ်များသည် ယမန် နှစ်က များပြားခြင်းမရှိခဲ့သော်လည်း ယခုနှစ်တွင် ပိုမိုများပြားလာပြီး သွပ်မိုး များဖြင့် အခိုင်အမာဆောက် လုပ်လာ ခြင်းကြောင့် ထိုသို့ လုပ်ဆောင်နေမှုများ အား စိစစ်ပေး ရန် နိုင်ငံတော်သမ္မတထံ သို့ စာပို့သွားမည်ဟု ချောင်းသာတည်း ခိုခန်း လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအားရွှေက ပြောသည်။ချောင်း သာ ကမ်းခြေတွင် တရားဝင်လိုင်စင်ရ တည်း ခိုခန်း ၄၄ လုံးရှိကြောင်း တည်းခိုခန်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။
မေဇင်ဝင်း
Popular Myanmar News Journal