Wednesday, November 13, 2013

အရေးပေါ်အခြေအနေ ကြေညာချက်ကို အီဂျစ်အစိုးရ ရုတ်သိမ်း

Nov 13 13
သမ္မတဟောင်း မိုဟာမက် မော်စီကို ထောက်ခံသည့် ဆန္ဒပြသူများကို စစ်တပ်က ကျောထောက်နောက်ခံ ပြုထားသည့် လက်ရှိအစိုးရက အင်အားသုံး ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည့်နောက် ယင်းကြေညာချက်ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အီဂျစ်အစိုးရသည် နိုင်ငံအတွင်း အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာထားမှုကို (၃)လအကြာတွင် ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။ နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေ ကြေညာချက်ကို ဩဂုတ်လ (၁၄)ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယနေ့တွင် ပြန်လည် ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။ သမ္မတဟောင်း မိုဟာမက် မော်စီကို ထောက်ခံသည့် ဆန္ဒပြသူများကို စစ်တပ်က ကျောထောက်နောက်ခံ ပြုထားသည့် လက်ရှိအစိုးရက အင်အားသုံး ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည့်နောက် ယင်းကြေညာချက်ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ဩဂုတ်လလယ်က ကိုင်ရိုအနီးတဝိုက်ရှိ သပိတ်စခန်းများကို စစ်တပ်က အင်အားသုံး စီးနင်းခဲ့ရာ မော်စီထောက်ခံသူ ရာနှင့်ချီ သေဆုံးခဲ့သည်။

စ်အုပ်ချုပ်ရေး ကျင့်သုံးနေမှုကို ယခုအခါ ပြန်လည် လျှော့ချလိုက်ပြီးနောက် အစိုးရ အနေဖြင့် လုံခြုံရေး ကဏ္ဍကို ကြပ်မတ်ထိန်းသိမ်းနိုင်ရန် ယုံကြည်ချက် မြင့်တက်လာသည့် အရိပ်အယောင်ဟု ယူဆရသည်။ ပြီးခဲ့သည့် သီတင်းပတ်က မော်စီကို လူသတ်မှုအတွက် အမိန့်ပေး စေခိုင်းကြောင်း စွဲချက်ဖြင့် ရုံးတင်ခဲ့ရာ ဆန္ဒပြမှုအချို့ ဖြစ်ပေါ်ခဲ့သော်လည်း စစ်တပ်နှင့် ရဲတို့က အသေအပျောက်၊ အထိအခိုက် အနည်းဆုံးဖြစ်အောင် ထိန်းသိမ်း ကိုင်တွယ်သွားနိုင်ခဲ့သည်။ သာမန်အားဖြင့် ညမထွက်ရ အမိန့်နှင့် အရေးပေါ် အခြေအနေ ကြေညာချက်တို့သည် (၁)လသာ သက်တမ်းရှိသော်လည်း စက်တင်ဘာလလယ်တွင် အစိုးရက သက်တမ်း(၂)လ ထပ်မံတိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။
Planet Myanmar Network