Wednesday, November 27, 2013

သစ်လုံးတင် ကားနှင့် သုံးခွ-ရန်ကုန် ဆွဲသည့် ဘတ်ကားတိုက်(ဓါတ်ပုံ)

တာဝ နိုဝင်ဘာလ ၂၇
သုံးခွနှင့် ရန်ကုန်သို့ ပြေးဆွဲနေသော မထသ တောင်ပိုင်းခရိုင်ယာဉ်လိုင်း ဌာနခွဲ ၄ ခရီးသည်တင်ယာဉ်နှင့် သစ်လုံးကြီးများတင်ဆောင်လာသော အဝေးပြေး သစ်လုံးတင်ကားတို့  ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် မွန်လွှဲပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ နယ် တာဝ ခြောက်လမ်းသွားလမ်းဆုံတွင် ယာဉ်တိုက်မှု ဖြစ်ဖြစ်ပွားစဉ်။
၎င်းယာဉ်တိုက်မှုတွင် တောင်ပိုင်းခရိုင်ယာဉ်လိုင်း ဌာနခွဲ ၄ ခရီးသည်တင်ယာဉ်မှ ခရီးသည် ကျား ၁၆ ဦး နှင့် မ ၁၂ ဦး တို့ ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးခဲ့သည်။ သေဆုံးသူမှာ ခရီးသည်တင်ယာဉ်မောင်း ကိုနေလင်း ဖြစ်သည်ဟု သန်လျင်ဆေးရုံမှ ကျန်းမာရေးတာဝန်ရှိသူများမှ မဇ္ဈိမသို့ ပြောကြားသည်။
Mizzima - News in Burmese
ဓာတ်ပုံ- ဘိုဘို၊ (မဇ္ဈိမ)