Wednesday, November 13, 2013

နိုင်ငံပိုင် နိုင်ငံခြားငွေ ၈ ဘီလျံကျော် ရှိ

မြန်မာနိုင်ငံတွင် နိုင်ငံခြားသုံးငွေပိုင်ဆိုင်မှု ၈ဘီလျံကျော်ရှိသည်ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဦး က ပြောသည်။ နိုင်ငံခြားသုံးငွေ လက်ကျန်စာရင်း ၈ ဒသမ ၁၃ ဘီလျံကို ဗဟိုဘဏ်၊ နိုင်ငံပိုင်ဘဏ် များနှင့် ပြည်ပရှိ အဆက်အသွယ်ဘဏ်များတွင် ဘဏ်စာရင်း အကောင့်ဖွင့်လှစ်၍ အပ်နှံထားကြောင်း ၎င်းက ပြောသည်။

ပြည်ပရှိ အဆက်အသွယ်ဘဏ်များတွင် အပ်နှံထားရခြင်းမှာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကြွေးမြီရယူ မှု၊ ကြွေးမြီပေးဆပ်မှုစသည့် ကိစ္စရပ်များ လုပ်ဆောင်ရာတွင် ငွေပေးငွေယူလွယ်ကူစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ နိုင်ငံခြားသုံးငွေ ၈ ဒသမ ၁၃ ဘီလျံမှာ အောက်တိုဘာလ ၂၉ ရက် နေ့တွင် ပိုင်ဆိုင်သည့်လက်ကျန် ပမာဏဖြစ်ပြီး ဗဟိုဘဏ်က ထိန်းသိမ်းထားသော နိုင်ငံတော် ပိုင် ရွှေတန်ချိန် ၇ ဒသမ ၁၅၃၉ တန်လည်းရှိသည်ဟု၎င်းက ပြောသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ
စက်တင်ဘာလ ၁ဝ ရက်နေ့ နိုင်ငံခြားသုံးငွေစာရင်း အခြေအနေကို အောက်တိုဘာလ ၄ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့ဖူးသည်။
ဝေမာထွန်း
Popular Myanmar News Journal