Thursday, November 14, 2013

သတို့သမီးလောင်းကို ပိုးပန်းကြေး ယွမ် ၈ ဒသမ ၈၈ သန်းဖြင့် တင်တောင်း

ရှန်ဟိုင်း ၊ နိုဝင်ဘာ ၁၄
တရုတ် အမျိုးသားတစ်ဦးသည် ၎င်း၏သတို့သမီးလောင်းအတွက် ပိုး ကြေးပန်းကြေးအနေဖြင့် ယွမ်၈ ဒသမ၈၈သန်း (ဒေါ်လာ၁ဒသမ ၅သန်း)ကို ငွေသားဖြင့် ပေးခဲ့ သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအနေနှင့် ချမ်းသာကြောင်း ပြသသည့်နေ ရာတွင် အသုံးအဖြုန်းကြီးလွန်း နေသဖြင့် လူများ၏စိတ်မကျေ နပ်မှုကို ခံခဲ့ရသည်။ ရှန်ဟိုင်းနေ့စဉ်သတင်းစာ တွင်ဖော်ပြချက်အရ အထမ်းသမား ၁၈ဦးတို့သည် ပိုက်ဆံများ အပြည့် ပါသောသေတ္တာနှင့် ခြင်းတောင်း များကို အတူတကွ အလေးချိန် ကြည့်ရာ ၁၀၂ကီလိုဂရမ် (၂၂၄ ပေါင်)ကျော်ရှိကြောင်း သိရသည်။

ဓာတ်ပုံတွင်ဖော်ပြချက်အရ ဝါးခြင်းတောင်းများတွင် တရုတ် ကွန်မြူနစ်ဖခင်ကြီး မော်စီတုန်း ပုံသရုပ်ဖော် ထားပြီး ယွမ်ငွေ၁၀၀ တန်အထုပ်များကို တွေ့ရသည်။ Maserati အားကစားကားတစ် စီးက အဖိုးတန် ယာဉ်များကို ဦး ဆောင်ပြီး ထိုအမျိုးသမီးအိမ်တွင် တွေ့ရသည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။

''ဒါဟာ ဇနီးမယားတစ်ဦး ကို လက်ထပ်တဲ့နည်း လွန်ကဲနေ တာတော့ မဟုတ်ပေမယ့် ဝယ်ယူ နေသ လို ဖြစ်နေပါတယ်။ တစ်ဦး နဲ့တစ်ဦး တကယ်ချစ်ခဲ့ရင် ဒီလို ငွေဖြုန်းတီးစရာ မလိုပါဘူး''ဟု တရုတ်၏ နာမည်ကြီးဘလော့ခ် တစ်ခုဖြစ်သော weibo တွင် အ သုံးပြုသူတစ်ဦးက ပြောခဲ့သည်။
Yangon Media Group Ref: AFP