Thursday, November 28, 2013

သူရိယအလင်း ဂျာနယ်ထုတ်ဝေခဲ့သူ ဦးမိုးဟိန်းထံမှ အလုပ်ထုတ်ခံ ၀န်ထမ်းဟောင်းနှစ်ဦးက လျော်ကြေးတောင်း

ပြည်တွင်း စာနယ်ဇင်းများကို ဖြေလျော့ပေးလိုက်ပြီး နောက်ပိုင်းတွင် ပုဂ္ဂိုလ်ရေးများကို စော်ကားရေးသား ခဲ့သည်ဟုပြောဆိုပြီး နစ်နာသူများက သူရိယနေ၀န်းဂျာနယ်၏ CEO ဖြစ်သူ ဦးမို်းဟိန်းကို တရားစွဲဆိုးရန် ပြင်ဆင်နေချိန်တွင် ယခင်ထုတ်ဝေခဲ့သော သူရိယအလင်း ဂျာနယ်မှ ဦးမိုးဟိန်း အလုပ်ထုတ် ခဲ့သော ကြော်ငြာဌာနမှ ၀န်းထမ်းနှစ်ဦးက ဦးမိုးဟိန်းထံမှ လျော်ကြေးတောင်းခံရန် ပုဇွန်တောင်း အလုပ်သ မားရုံးသို့ လာရောက်တိုင်းကြားထားကြောင်း နိုဝင်ဘာ၂၈ရက်နေ့ တွင်သိရသည်။

ထိုသို့တိုင်းကြားမှုများကို ယခင်ရုံးစိုက်ခဲ့ရာ မရမ်းကုန်းမြို့နယ်ရုံးသို့ သွားရောက်တိုင်ကြားသော်လည်း ယခုအသစ်ဖွင့်လစ်ထားသော ရုံးမှာ ပုဇွန်တောင်တွင်ဖြစ်သောကြောင့် ပုဇွန်တောင်အလုပ်သမားရုံးသို့ ပြန်လည်လွဲပေးခဲ့ကြောင်းသိရသည်။ ယင်းဝန်ထမ်းနှစ်ဦးမှာ အမျိုးသမီးများဖြစ်ပြီး အလုပ်မတရားထုတ် ခဲ့ပုံများကို ရေးသားတိုင်းကြားကြကြောင်းသိရသည်။

အဆိုပါ အမျိုးသမီးနှစ်ဦး၏ ပြောပြချက်အရ အမှုဆောင်အရာရှိ ဦးမိုးဟိန်းအနေဖြင့် သြဂုတ်လ ၂၇ရက် နေ့တွင် ယင်းတို့ ထိုင်သောထိုင်ခုံများကို သိမ်းယူနေရာရွှေ့ပြီးနောက် အလုပ်ထုတ်သည့် သဘောမျိုးနှင့် တွေ့ဆုံခွင့်ပင်မပေးကြောင်း သိရသည်။ ယင်းအတွက် ထိုအမျိုးသမီးနှစ်ဦးမှ ဦးမိုးဟိန်း ၏လုပ်ရပ်အပေါ် နစ်နာကြေးပေးရန် တောင်ဆိုတိုင်ကြားခဲ့ကြောင်း သိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
နိုဝင်ဘာ၂၈ရက်