Thursday, November 14, 2013

" ? "အကြိမ်မြောက် အဖမ်းခံရခြင်း (ရုပ်/သံ)




တရားဥပဒေ စိုးမိုးရေးနှင့် စိုးမိုးရမည့် တရားဥပဒေသည် ပြည်သူ့အတွက် ကာကွယ်စောင့်ရှောက်သည့် ဥပဒေများသာ ဖြစ်ရပါမည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဥပဒေကို လွန်စွာ လေးစားရိုသေသည်ဟု ကြားသိမှတ်ဖူးသည်။ ဗိုလ်ချုပ် တို့ ခေတ်က ဥပဒေများသည် လေးစားဖွယ် ဥပဒေများ ဖြစ်သည်မို့ ဗိုလ်ချုပ်အောင်ဆန်း က လေးစားခဲ့ခြင်းကို ကျနော်တို့ နားလည်အသိအမှတ်ပြုသည်။

မိမိတို့ ခေတ်တွင် ဥပဒေ ဟူသည်ကို တိုင်းသူပြည်ထောင်စုသားတို့ အားလုံး လေးစားယုံကြည်လက်ခံ လာအောင် ပြုပြင်တောင်းဆို တိုက်ပွဲဝင်နေရဆဲဖြစ်သည်မို့ ယနေ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်ထီးပုဒ်မ ပုဒ်ခြောက် တိုင်းကို လေးစားစွာ လိုက်နာရန် မိမိတို့ ခက်ခဲနေခြင်းအား တမလွန်မှ ဗိုလ်ချုပ် ခွင့်လွှတ်လေ မည်အား၊ စိတ်ဆိုးနေလေမည်လား မသိပါ။

လေးစားဖွယ် ဥပဒေဖြစ်လာအောင် တောင်းဆိုတိုက်ပွဲဝင်နေရဆဲဖြစ်သည်မို့ ယခုလို မကြာခန အဖမ်းခံနေရခြင်းအားလည်း လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည့် မျိုးချစ် သူရဲကောင်း အပေါင်း၊ အများပြည်သူအပေါင်း ကခွင့်လွှတ်နားလည်ပေးကြမည်ဟု ထင်မိပါသည်။

လေးကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပိတ်ဆို့ အဖမ်းဆီးကို ခံရပြန်ခြင်း မှတ်တမ်းဖိုင်ဖြစ်သည်။
ယခု တခေါက်တော့ အတော်အတန် တိုးတက်လာပြီ ဟု ဆိုနိုင်သည်။ ဖမ်းဝါးရမ်းဖြင့် ပြပြီး ဖမ်းခြင်းဖြစ်သည်။

ယခင် သုံးခေါက် အဖမ်းခံရစဉ်ကတော့ ဘာမပြော ညာမပြော နှင့် အတင်း ဖမ်းဆီးခြင်း များသာ ခံခဲ့ဖူးသည်မို့ တော်သေးသည်ဟု ဆိုရပေမည်။
FB Nay Myo Zin