Friday, November 29, 2013

ဆီးဂိမ်းလက်ခံကျင်းပဖို့ ရာနှုန်းပြည့်အဆင့်သင့်လို့ ဒုဝန်ကြီးပြော


မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ရာနှုန်းပြည့် အဆင်သင့်ဖြစ်နေပြီလို့ အာကစားဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

နောက်ဆုံးအဆင့် အစမ်းကွင်းဖွင့်ပွဲကို မနေ့ကလုပ်ဆောင်ခဲ့ပြီး အခုအသင့်ဖြစ်နေပြီလို့ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဌေးအောင်က ပြောကြားလိုက်ပါတယ်။

အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်းကို အာဆီယံနိုင်ငံတွေက အားကစားသမား ၆ ထောင်နဲ့ စာနယ်ဇင်းသမား ၃ ထောင် ကျော်ပါဝင်တက်ရောက်မယ်လို့ သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ လူသုံးသောင်းဆန့်တဲ့ နေပြည်တော်က ၀ဏ္ဏသိဒ္ဒိ အားကစားကွင်းကြီးမှာ ကျင်းပမယ်လို့ သိရပါတယ်။
RFA Burmese