Friday, November 22, 2013

ပုလောမြို့နယ်၌ မူးယစ်ဆေးဝါး ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ


မြိတ်ခရိုင်၊ ပုလောမြို့နယ် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စိုးထွန်းနှင့် အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ (၁၈-၁၁-၂၀၁၃)ရက်နေ့ (၁၉၀၀)အချိန်ခန့် တရားခံပြေး ကိုအေးအေား ပုလောမြို့နယ်၊ လက္ကူးကျေးရွာအောက်ပိုင်းရှိ ကိုအေးနေထိုင်သော လ္ဘက်ရည်ဆိုင်သို့ ၀င်ရောက်ရှာဖွေရာ ဆိုင်အတွင်းဘက် ပစ္စည်းများတင်ထားသော စင်ထောင့်၌တင်ထားသည့် အလေးချိန် ၀(ဒ)၀၆၅၃၈ ကီလိုဂရမ်ခန့်ပါ ဘိန်းစာမှုန့် (၁)ထုပ်နှင့်အတူ သက်သေခံပစ္စည်းများ သိမ်းဆည်းရမိသဖြင့် ကိုအေးအား မယ (ပ) ၁၂/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင် ရာ ဥပဒေ ပုဒ်မ ၁၅/၁၆ (ဂ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ကိုအေး၏ထွက်ဆိုချက်အရ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာနေ ကျော်ထိုက် (ခ) ကျော်သူထိုက်ထံမှ ၀ယ်ယူခဲ့ကြောင်းနှင့် ၄င်းသည် အပြင်လက္ကူးကျေးရွာရှိ ကိုအေး၏ရာဘာခြံအတွင်း ပုန်းခိုနေထိုင်ကြောင်း သိရှိရသဖြင့် (၁၉-၁၁-၂၀၁၃) ရက်နေ့ (၀၅၀၀)အချိန်ခန့် ကိုအေးရာဘာခြံအတွင်း ၀င်ရောက်ဖမ်းဆီးရာ တဲအတွင်းအိပ်ပျော်နေသော ကျော်ထိုက် (ခ) ကျော်သူထိုက်အား ဖမ်းဆီးရမိပြီး အိပ်ပျော်နေ သည့် ခေါင်းရင်းဘေးမှ အလေးချိန် ၀(ဒ)၀၄၀၈၂၅ ကီလိုဂရမ်ခန့်ပါ ဘိန်းစာမှုန့် (၁)ထုပ်အား သိမ်းဆည်းရမိသဖြင့် ကျော်ထိုက် (ခ) ကျော်သူထိုက်အား မယ (ပ) ၁၃/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆ (ဂ) ဖြင့် အမှုဖွင့်အရေး ယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ဆက်လက်၍ ကျော်ထိုက် (ခ) ကျော်သူထိုက်၏ ထွက်ဆိုချက်အရ မြိတ်မြို့၊ စက်ဝင်းရပ်နေ ကိုအောင်ကျော်ထံမှ ၀ယ်ယူပြီး လက္ကူးရွာနေ ကိုအေးနှင့် မင်းကံကြဲရွာနေ ကိုနငယ်တို့ ထံ ဖြန့်ဖြူးရောင်း ချပေးခဲ့ကြောင်း သိရှိရသဖြင့် မြိတ်ခရိုင် ဒ/နအဖွဲ့နှင့် ဆက်သွယ်၍ ကျော်အောင်အား (၂၀-၁၁-၂၀၁၃)ရက်နေ့ တွင် ဖမ်းဆီးမိခဲ့သည်။ ကိုနငယ်အား ပလောက်မြို့နယ်ခွဲ ရဲစခန်းနှင့် ဆက်သွယ်၍ ဖမ်းဆီးရမိခဲ့ပြီး (၂၀-၁၁-၂၀၁၃)ရက်နေ့ (၁၆၀၀)အချိန်ခန့် မင်းကံကြဲကျေးရွာရှိ မင်းအောင် (ခ) နငယ်၏ နေအိမ်နှင့် ခြံဝင်းအား (၂၀-၁၁-၂၀၁၃)ရက်နေ့ (၁၆၀၀)အချိန်ခန့် ပုလောရဲစခန်းမှူး ရဲအုပ်စိုးကြည်ဦးဆောင်သောအဖွဲ့မှ သွားရောက်ရှာဖွေရာ နေအိမ် မြောက်ဘက် ကိုက် (၁၀၀)ခန့်အကွာ တောခြုံထဲတွင် မြေကျင်းတူး၍ မြှုပ်ထားသော ပြောင်းဖူးတံဆိပ် မုန့်ပုံးထဲတွင် အဖြူရောင် လတ်စတစ်အိတ်ငယ် များဖြင့် ထုပ်ထားသည့် တစ်ထုပ်လျှင် အလေးချိန် ၀ (ဒ) ၀၈၁၆၅ ကီလိုဂရမ်ခန့်ပါ ဘိန်းစာမှုန့် (၁၉)ထုပ်နှင့် နေအိမ်ဘေး မီးသွေးဖောင်းအတွင်းမှ တစ်ထုပ်လျှင် အလေးချိန် ၀ (ဒ) ၀၈၁၆၅ ကီလိုဂရမ်ခန့်ပါ ဘိန်းစာမှုန့် (၂)ထုပ်၊ စုစုပေါင်း (၂၁)ထုပ်၊ စုစုပေါင်းအလေးချိန် ၁ (ဒ) ၇၁၄၆၅ ကီလိုဂရမ်ခန့်အား သက်သေများ နှင့်အတူ သိမ်းဆည်းရမိခဲ့သဖြင့် ကိုနငယ်အား မယ (ပ) ၁၄/၂၀၁၃ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ
၁၅/၁၉ (က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
Tanintharyi Thar