Friday, November 29, 2013

စားသောက်ဆိုင်အတွင်း နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ဝင်ပစ်


ရန်ကုန် ၊ နိုဝင်ဘာ ၂၈
စား သောက်ဆိုင်အတွင်း ဝင်ရောက် ပစ်ခတ်မှုကြောင့် လူတစ်ဦးအပြင်း အထန် သေနတ်ဒဏ်ရာရရှိခဲ့ သည့် ဖြစ်ရပ်တစ်ခု ယနေ့နေ့လယ်ပိုင်း က ကရင်ပြည်နယ် နယ်စပ်မြို့ဖြစ် သည့် မြဝတီမြို့ တွင် ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့နေ့လယ် ၁၂နာရီခန့်က ကရင်ပြည်နယ် မြဝတီခ ရိုင် မြဝတီမြို့အထွက်လမ်း တွင်တည်ရှိသည့် မြဝတီဂေါက် ကွင်းစားသောက်ဆိုင်၌ ယင်းမြို့ ရှိ ကသစ်သောက်ရေသန့်မှ ဦး မျိုးအောင်ဆိုသူကို အမည်မသိ သူတစ်ဦး က ပစ္စတိုသေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

''အပစ်ခံရတာက ကသစ် သောက်ရေသန့်က မျိုးအောင်ဆို သူပါ။ သူက ဆိုင်ကယ်ပို့တဲ့လုပ် ငန်းတွေလဲလုပ်တယ်။ ဝင်ပစ်တော့ ထွက်ပြေးပေမယ့် ထိသွားတယ် လို့သိရတယ်''ဟု မြဝတီမြို့ခံကုန် သည်တစ်ဦးက ယနေ့ ညနေ ၅ နာရီခန့်တွင် ပြော သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသူ ကို လက်ရှိတွင် မြဝတီမြို့ဆေးရုံ၌ အရေးပေါ်လူနာအဖြစ် ကုသနေ ပြီး သေနတ်ဖြင့် ပစ်ခတ်သွားသူ ကို ဖမ်းမိခြင်းမရှိသေးကြောင်း မြဝတီဒေသခံ ကုန်သည်အသိုင်း အဝိုင်းမှ သိရသည်။
ယနေ့ ဖြစ်ပွား ခဲ့သည့် သေ နတ်ဖြင့် ဝင်ရောက်တိုက်ခိုက်မှု ကို မြဝတီမြို့နယ် ရဲစခန်းကိုဆက် သွယ်စုံစမ်းခဲ့သော်လည်း အသေး စိတ်ကို မသိရှိရသေးကြောင်း၊ လက်ရှိအချိန်အထိ စုံစမ်းမှုပြုလုပ် နေဆဲဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြန်လည် ပြောသည်။

မြဝတီ ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက ''လိုက်နေတုန်းပါ။ အသေးစိတ် မပြောနိုင်သေးပါဘူး'' ဟု ယနေ့ ညနေ၄နာရီခန့်က ပြော သည်။ ဒေသတွင်းသတင်းများ၏ ထုတ်ပြန်မှုများအရ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသူကို ဖမ်းဆီး နိုင်ရန် အခက် အခဲရှိနေကြောင်း ပြောကြားထားပြီး ယင်းမြို့သည် မကြာခဏ သေနတ်ပစ်ခတ်မှုများ ရှိကြောင်း ဖော်ပြထားသည်။ မြဝတီမြို့သည် ကရင်ပြည် နယ်နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ တို့၏နယ်စပ်မြို့ဖြစ်ပြီး လက်နက် ကိုင်အဖွဲ့အစည်းများ၊ ဒေသစုံမှ လူမျိုးစုံများ လာရောက်စီးပွားရှာ ဖွေသည့် မြို့နယ်တစ်ခုလည်းဖြစ် ကြောင်း သိရသည်။
ကျော်ဇေယျ
Yangon Media Group