Thursday, November 21, 2013

ရန်ကုန်နှင့် မော်လမြိုင်တွင် အားကစားဆိုင်ရာအစီအစဉ်တစ်ရပ် အမေရိကန်သံရုံးက ဦးစီးပြုလုပ်မည်

ရန်ကုန် ၊ နိုဝင်ဘာ ၂၁
အမေရိ ကန်အစိုးရ၏ အစီအစဉ်တစ်ရပ် ဖြစ်သည့် "Aports United US" အားကစား အစီအစဉ်တစ်ရပ် ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကဦးစီးကာ ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်အားကစား ကွင်းတွင် နိုဝင်ဘာ ၂၂ရက် ည နေ ၄နာရီတွင်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါအစီအစဉ်တွင် အ မေရိကန်အသင်းနှင့် အမျိုးသမီး ကမ္ဘာ့ဖလားနှင့် အိုလံပစ်ပြိုင်ပွဲ တွင်ရွှေတံဆိပ်ရခဲ့သည် Lorrie Fair အမေရိကန်လက်ရွေးစင် ကစားသမားဟောင်း Kobie Jones နှင့် နည်းပြ Jeff Hoffman တို့က ရန်ကုန်မြို့နှင့်မော်လမြိုင် တို့တွင် ၎င်းတို့၏ ဘောလုံးစွမ်း ရည်များကို ပြသမည်ဖြစ်သလို Soccer Clinics ဆိုင်ရာပြသမှု၊ နည်းပြများအား ခေါင်းဆောင် မှုဆိုင်ရာစွမ်းရည်များကို သင်ကြားမှုပြုလုပ်ပေးမည်ဖြစ် သည်။

ရန်ကုန်တက္ကသိုလ်ဘော လုံးကွင်း၌ပြုလုပ်မည့်အစီအစဉ် တွင် အမေရိကန်သံအမတ် Derek Mitchell နှင့် ထောက်ပံ့ကူ ညီပေးသည့် Chevrolet နှင့်One World Futbol Project တို့မှ လည်းတက်ရောက်မည်ဖြစ်သည်။ Chevrolet ၏ငွေကြေးလှူဒါန်း သည့်One World Futbol Project မှလှူဒါန်းခြင်းဖြစ်သည်။

ယင်းနောက် မွန်ပြည်နယ် သို့ ဆက်လက်ထွက်ခွာမည်ဖြစ် ကာ ၂၄ရက်တွင် ယင်းဒေသ၌ ဆေးခန်းများ ဖွင့်လှစ်ကာကုသ ခြင်းများ၊ ဒေသခံများကိုသင်တန်း များပို့ချပေးခြင်းများကိုပြုလုပ် မည်ဖြစ်သည်။ ထို့အပြင် မွန် ပြည်နယ်အားကစားကွင်းတွင် လှူဒါန်းမှုများပြုလုပ်မည်ဟုသိ ရသည်။

One World Futbol Pro-ject သည် ကမ္ဘာတစ်ဝန်းရှိနိုင်ငံ များသို့သွားရောက်ကာ သွေးထိုး လှုံ့ဆော်မှုများ အပေါ် မည်သို့ဖြေ ရှင်းရမည်၊ လိင်ခွဲခြားခြင်းမရှိဘဲ ညီတူညီမျှဆက်ဆံရန်၊ ကိုယ်ရည် ကိုယ်သွေးထူးချွန်ရန် မည်သို့လုပ် ဆောင်ရမည်ဆိုခြင်းကို သင်ကြား ပေးနေသည့်အဖွဲ့လည်းဖြစ်သည်။
မင်းသန့်
Yangon Media Group