Wednesday, November 20, 2013

မွတ်စလင် အခမဲ့စာသင်ကျောင်းမှ ကိုယ်ကျိုးရှာသည့် အုပ်ချုပ်သူများ ဝေဖန်ခံရ

ဗြိတိန်နိုင်ငံ ဒါဘီမြိှု့ အယ်မာဒင်နာ မွတ်စလင်အခမဲ့စာသင်းကျောင်းမှ အုပ်ချုပ်သူများသည် တိုက်ရိုက် သော်လည်းကောင်း၊ မိသားစုမှ တစ်ဆင့်လည်းကောင်း ကိုယ်ကျိုးရှာသည့် လုပ်ရပ်များလုပ်ခဲ့သည်ဟု ပညာရေး ၀န်ကြီးဌာန (DfE) ထုတ်ပြန်ခဲ့ကြောင်း Channel 4 News သတင်းဌာနက ကြေညာခဲ့သည်။

အခမဲ့စာသင်ကျောင်းမှ ကိုယ်ကျိုးရှာမှုသည် အစိုးရစာရင်းစစ်များက ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလက ကြေညာခဲ့သော စာရင်းစစ်အဖွဲ့ စစ်ဆေးချက်များတွင် မူမမှန်သော ငွေပေးငွေယူမှု အတည်ပြုထားသော ပမာဏမှာ ပေါင်၂၀၀၀၀မျှ ရှိနေကြောင်း သတင်းဌာနက ဆိုသည်။ လွန်ခဲ့သောလက ပညာရေးဝန်ကြီး ဌာနလက်အောက်ရှိ စာသင်ကျောင်းများ၏ သင်ကြားမှုစံနှုန်းများ စောင့်ကြည့်ရေးအဖွဲ့ Ofseted က ယင်း မွတ်စလင် အခမဲ့ကျောင်းတွင် အကျင့်ပျက်ပြားများမှုရှိသည်ဟု သတ်မှတ်ခဲ့သည်။

ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ ရှဇီအာပါဗန်က သူမ၏ ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာ ခဲ့သည်။ စာသင်ကျောင်း၏ အနာဂတ်အရေးအတွက်  ပညာရေးဝန်ပြီး လော့နက်စ်ခ်ျသည် စာသင်ကျောင်း အုပ်ချုပ်သများနှင့် နိုဝင်ဘာ ၁၉ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

စာသင်ကျောင်းမှ နှုတ်ထွက်သွားသူများတွင် ကျောင်းအုပ်၊ ဒု-ကျောင်းအုပ်နှင့် စီမံခန့်ခွဲ့မှုမန်နေဂျာတို့ လည်း ပါဝင်ကြောင်း သိရသည်။
မြန်မာ့ခေတ်
Ref: Channel 4 News