Friday, November 22, 2013

ပြီးခဲ့သည်များကို ထားခဲ့ရန် ဦးခင်ညွန့်က ပြောကြောင်း ဦးဝင်းတင်ပြော

ရန်ကုန် ၊ နိုဝင်ဘာ ၂၁
ဟံသာဝတီ ဦးဝင်းတင်အား ဦးခင်ညွန့်က ပြီး ခဲ့သည်များကိုထားခဲ့ရန်ပြောခဲ့ ကြောင်း နိုဝင်ဘာ ၁၈ ရက်က ရန် ကုန်တိုင်းမ်သတင်းစာနှင့်တွေ့ ဆုံစဉ် ဦးဝင်းတင်က ပြောသည်။

မကြာမီရက်ပိုင်းက ယခင် စစ်ထောက်လှမ်းရေးအကြီးအကဲ နှင့် နိုင်ငံတော်အတွင်းရေးမှူး ဖြစ်ခဲ့သူဦး ခင်ညွန့်နှင့် ဝါရင့်သတင်း စာဆရာနှင့် လက်ရှိအမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ် ဒီပါတီ)၏ နာယကဖြစ်သူ ဟံသာ ဝတီဦးဝင်းတင်တို့တွေ့ဆုံခဲ့ရာတွင် ဦးခင်ညွန့်က ''ပြီးတာတွေအတွက် ထားလိုက်ပါတော့ အဘရယ်''ဟု ပြောခဲ့ကြောင်း ရန်ကုန်တိုင်းမ် သတင်းစာနှင့်တွေ့ဆုံစဉ် ဟံသာ ဝတီဦးဝင်းတင် က ပြောသည်။

''မကြာသေးတဲ့ရက်ပိုင်း က ကျွန်တော်ဦးခင်ညွန့်နဲ့ တွေ့ တော့ ပြီးတာတွေအတွက်ထား လိုက်ပါတော့ အဘရယ်လို့ပြော တယ်။ ကျွန်တော်ဘာမှပြန်မပြော ခဲ့ပါဘူး''ဟု ဟံသာဝတီ ဦးဝင်း တင်က ပြောသည်။ အဆိုပါပြောကြားမှုကို အာ ဃာတမရှိ သည့် အတွက် မတုံ့ပြန် ခဲ့သော်လည်း ဖြစ်ခဲ့ပြီးသည့်ဖြစ် ရပ်များအတွက် ဦးသန်းရွှေနှင့် ဦးခင်ညွန့်တွင်တာဝန်ရှိကြောင်း၊ ပြည်သူလူထုကို ဝန်ချတောင်းပန် မှုပြုလုပ်ရမည် ဖြစ်ကြောင်း ဟံ သာဝတီဦးဝင်းတင်က ပြောသည်။
ကျော်ဇေယျ
Yangon Media Group