Tuesday, November 26, 2013

ထောင်​နဲ့​ချီ​တဲ့ ​နိုင်​ငံ​ခြား​သား ​အ​လုပ်​သ​မား​တွေ ​ဆော်​ဒီ​အာ​ရေး​ဗီး​ယား​မှာ ​သောင်​တင်​နေ

26 November 2013
ဆော်​ဒီ​အာ​ရေး​ဗီး​ယား​က ​အ​ထောက်​အ​ထား​လက်​မှတ်​တွေ ​မ​ရှိ​တဲ့ ​ထောင်​သောင်း​ချီ​တဲ့ ​အ​လုပ်​သ​မား​တွေ​ကို ​ဆော်​ဒီ​အာ​ဏာ​ပိုင်​တွေ​က ​ဖမ်း​ဆီး​ထိန်း​သိမ်း​ခဲ့​သ​လို ​နေ​ရပ် ​ပြန်​ပို့​ကြ​ပါ​တယ်။

ဘု​ရင့်​နိုင်​ငံ​ရဲ့ ​စီး​ပွား​ရေး​ဟာ ​အိ​န္ဒိ​ယ​နဲ့ ​ဖိ​လစ်​ပိုင်​တို့​လို ​နိုင်​ငံ​တွေ​က ​လုပ်​ခ​လ​စာ ​နည်း​နည်း​ပဲ ​ပေး​ရ​တဲ့ ​အ​လုပ်​သ​မား​တွေ​အ​ပေါ်​မှာ ​အ​မှီ​ပြု​ခဲ့​ရ​တာ ​ကာ​လ ​ကြာ​ခဲ့​ပါ​ပြီ။ ​ဒါ​ပေ​မယ့် ​ဆော်​ဒီ​နိုင်​ငံ​သား​တွေ​ရဲ့ ​အ​လုပ်​လက်​မဲ့ ​ဖြစ်​မှု​နှုန်း​က ​မြင့်​တက်​လာ​နေ​တဲ့​အ​တွက် ​ဒီ ​နှိမ်​နှင်း​မှု ​ဖြစ်​လာ​ခဲ့​တာ​ပါ​ပဲ။

ခေတ်​မီ ​ဆော်​ဒီ​အာ​ရေး​ဗီး​ယား​နိုင်​ငံ​ဟာ ​နည်း​လမ်း​အ​မျိုး​မျိုး​နဲ့ ​နိုင်​ငံ​ခြား ​အ​လုပ်​သ​မား​တွေ ​နဲ့ ​တည်​ဆောက်​ခဲ့​တာ​ပါ။

နိုင်​ငံ​ထဲ​မှာ ​အိ​န္ဒိ​ယ၊ ​ပါ​က​စ္စ​တန်​နဲ့ ​ဖိ​လစ်​ပိုင် ​နိုင်​ငံ​တွေ​က ​နိုင်​ငံ​ခြား​သား ​အ​လုပ်​သ​မား​တွေ ​ခန့်​မှန်း​ခြေ ၉ ​သန်း​လောက်​ဟာ ​ဆောက်​လုပ်​ရေး ​လုပ်​ငန်း​က​နေ ​အိမ်​အ​လုပ်​အ​ထိ ​အ​လုပ်​ပေါင်း​စုံ​ကို ​လုပ်​နေ​ကြ​ပါ​တယ်။

ဒါ​ပေ​မယ့် ​ဆော်​ဒီ​နိုင်​ငံ​သား​တွေ​ရဲ့ ​အ​လုပ်​လက်​မဲ့​နှုန်း ​မြင့်​တက်​လာ​မှု​ကြောင့် ​အ​စိုး​ရ​က ​အ​စော​ပိုင်း​တုန်း​က ​လက်​မှတ်​မ​ရှိ​တဲ့ ​အ​လုပ်​သ​မား​တွေ​ကို ​အ​ထောက်​အ​ထား ​လက်​မှတ်​ရ​ယူ​ကြ​ဖို့
ဒါ​မှ​မ​ဟုတ် ​နိုင်​ငံ​က ​ထွက်​ခွာ​သွား​ကြ​ဖို့ ​လွတ်​ငြိမ်း​ခွင့်​ပြု ​ထား​ပေး​ခဲ့​ပါ​တယ်။ ​ဒီ​လ ​အ​စော​ပိုင်း​မှာ​တော့ ​အဲ​ဒီ ​လွတ်​ငြိမ်း​ခွင့်​က ​ကုန်​ဆုံး​သွား​ခဲ့​ပါ​ပြီ။

ဖိ​လစ်​ပိုင်ေ​ရွှ့​ပြောင်း​နေ​ထိုင်​သူ​များ​အ​ဖွဲ့​ကို ​ဖွဲ့​စည်း​ဆောင်​ရွက်​နေ​သူ ​ဂါ​ရီ​မာ​တီ​နက်ဇ်​က

“​ဒီ​ကိ​စ္စ​မှာ ​ထိ​ခိုက်​ခံ​ရ​တဲ့ ​ဖိ​လစ်​ပိုင်​တွေ ​ထောင်​သောင်း​ချီ ​ရှိ​နေ​ပါ​သေး​တယ်။ ​ဖိ​လစ်​ပိုင်​တွေ ​အ​မျာ​ကြီး​ဟာ ​ကျ​နော်​တို့ ​သံ​ရုံး​နဲ့ ​ကောင်​စစ်ဝန်​ရုံး​တွေေ​ရှ့​မှာ ​တန်း​စီ ​နေ​ကြ​ဆဲ​ပါ​ဗျာ။ ​နောက် ​သူ​တို့ ​မိ​သား​စုဝင်​တွေ​က ​သူ​တို့ ​ချစ်​တဲ့​သူ​တွေ​ကို ​ဘယ်​လို​ပြန်​ခေါ်​ရ​မှာ​လဲ​ဆို​တာ ​မေး​နေ​တဲ့ ​တယ်​လီ​ဖုန်း ​ခေါ်​ဆို​မှု​တွေ​က​လည်း ​အ​များ​ကြီး ​ရှိ​နေ​ပါ ​တယ်။”​လို့ ​ပြော​ပါ​တယ်။

ဂါ​ရီ​မာ​တီ​နက်ဇ်​က ​အ​ခု​ဆို ​ဖိ​လစ်​ပိုင်​ကို ​ပြန်​ချင်​နေ​ကြ​တဲ့ ​ထောင်​သောင်း​ချီ​တဲ့ ​အ​လုပ်​သ​မား​တွေ ​ဆော်​ဒီ​အာ​ရေး​ဗီး​ယား​မှာ ​ရှိ​နေ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​သူ​တို့​ဟာ ​အ​ကူ​အ​ညီ ​လုံ​လောက်​အောင် ​မ​ရ​ကြ​ပါ​ဘူး​လို့ ​ပြော​ပါ​တယ်။

“​ဆော်​ဒီ​အာ​ရေ​ဗီး​ယား​မှာ ​ရှိ​နေ​တဲ့ ​ဖိ​လစ်​ပိုင် ​တာဝန်​ရှိ​ပု​ဂ္ဂိုလ်​တွေ​က​လည်း ​သူ​တို့ ​တောင်း​ဆို​တာ​တွေ​ကို ​နား​မ​ထောင်​ကြ​ဘူး​ဗျ။ ​အဲ​ဒါ​ဟာ ​ဖိ​လစ်​ပိုင် ​အ​လုပ်​သ​မား​အ​များ​စု​က ​ရီ​ယာ ​က ​ကျ​နော်​တို့ ​သံ​ရုံး​ရဲ့ ​ပြင်​ပ​နဲ့ ​ဂျက်​ဒါ​က ​ကောင်​စစ်ဝန်​ရုံးေ​ရှ့​မှာ ​တဲ​တွေ ​ဆောက်​ပြီး ​နေ​ကြ​ဖို့ ​ဆုံး​ဖြတ်​ခဲ့​ကြ​ရ​တဲ့ ​အ​ကြောင်း​ပေါ့ ​ဗျာ။”

နောက် ​ဆော်​ဒီ​အာ​ရေ​ဗီး​ယား​နိုင်​ငံ​မှာ ​အ​လုပ်​လုပ်​နေ​ရင်း ​နိုင်​ငံ​ခြား​သား ​အ​လုပ်​သ​မား ​တွေ ​ရင်​ဆိုင်​နေ​ရ​တဲ့ ​တ​ချို့​ကိ​စ္စ​တွေ​က ​ဘာ​တွေ​ပါ​လဲ။

“​ကာ​ဖာ​လာ​စ​နစ်​နဲ့ ​ဆော်​ဒီ​အာ​ရေး​ဗီ​ယား​နဲ့ ​ဖိ​လစ်​ပိုင်​အ​စိုး​ရ​ကြား​က ​တာဝန်​ယူ​မှု ​အ​စီ​အ​စ​ဉ်​ကြောင့် ​အ​လုပ်​သ​မား​တွေ​ဟာ ​သူ​တို့ ​အ​လုပ်​တွေ​ကို ​ပြောင်း​လို့ ​မ​ရ​ပါ​ဘူး​။ ​ဘာ​လို့​ဆို​တော့ ​သူ​တို့​က ​လုပ်​ငန်း ​သ​ဘော​တူ​ညီ​မှု ​လက်​မှတ်​ရေး​ထိုး​ထား​ခဲ့​လို့​ပါ​ပဲ​ဗျာ။ ​သူ​တို့​ထဲ​က ​တ​ချို့​ဆို ​မ​တော်​မ​တ​ရား ​ပြု​မူ​ဆက်​ဆံ​ခံ​ရ၊ ​တ​ချို့​က ​မု​ဒိမ်း​ကျင့်​ခံ​ရ ​ပြီး ​တ​ချို့​က​တော့ ​မ​နက် ၅ ​နာ​ရီ​က​နေ ​ည​နေ ၃​နာ​ရီ ​အ​ထိ ​အ​လုပ်​လုပ် ​နေ​ကြ​ရ​ပါ​တယ်။ ​သူ​တို့​ဟာ ​လ​စာ ​မ​ရ​ကြ​သ​လို ​သူ​တို့​ရဲ့​ခ​ရီး​သွား​လာ​ခွင့် ​အ​ထောက်​အ​ထား​လက်​မှတ်​တွေ​ကို​လည်း ​ထိမ်း​ထား​တာ ​ခံ​ကြ​ရ၊ ​သူ​တို့​ကိုင်​ဆောင်​တဲ့ ​ဖုန်း​တွေ​ကို​တောင် ​ထိမ်း​ချုပ်​ခံ​ကြ​ရ​ပါ​တယ်​ဗျာ။”

နိုင်​ငံ​ခြား​သား​အ​လုပ်​သ​မား ​အင်​အား​စု​ရဲ့ ၁၀ ​ရာ​ခိုင်​နှုန်း ​ပတ်ဝန်း​ကျင်​က​တော့ ​တ​ရား​မ၀င် ​နေ​ထိုင်​နေ​ကြ​တာ ​ဖြစ်​တယ်​လို့ ​ယုံ​ကြည်​ရ​ပါ​တယ်။

ကေ​ဗီ​ရှမ်​ဆူ​ဒင်း​က ​အိ​န္ဒိ​ယ​အ​လုပ်​သ​မား​တွေ​ကို ​သူ​တို့​ရဲ့ ​ငွေ​ကြေး​ကိ​စ္စ​တွေ ​စီ​မံ​ထိန်း​ချုပ်​မှု​ကို ​အ​ကူ​အ​ညီ​ပေး​နေ​တဲ့ ​ယူ​အေး​အီး ​ရာဝါ​ဆီ ​ဘန်​ဒူ ​သက်​သာ​ချောင်​ချိ​ရေး​အ​ဖွဲ့​ကြီး​ကို ​ဖွဲ့​စည်း​ဆောင်​ရွက်​နေ​တာ ​ဖြစ်​ပါ​တယ်။ ​သူ​က ​အ​တော်​များ​များ ​အ​ထောက်​အ​ထား​လက်​မှတ် ​မ​ရှိ​တဲ့ ​လူ​မျိုး​တွေ​က ​ဘု​ရား​ဖူး ​လာ​ခဲ့​ကြ ​တာ​ပါ။ ​နောက် ​အဲ​ဒီ​မှာ​ပဲ ​ဆက်​နေ​ပြီး ​အ​လုပ်​လုပ်​ကြ​ပြီး ​အ​လုပ်​ရှင်​တွေ​ရဲ့ ​မ​တော်​မ​တ​ရား ​ပြု​မူ ​ဆက်​ဆံ​တာ​ကို ​ခံ​ခဲ့​ကြ​ရ​တယ်​လို့ ​ပြော​ပါ​တယ်။

“​အ​လုပ်​ရှင်​တွေ​က ​လ​စာ​တွေ​ကို ​ခေါင်း​ပုံ​ဖြတ်​ပါ​လိမ့်​မယ်။ ​နောက် ​နေ​ရာ​ထိုင်​ခင်း​နဲ့ ​တ​ခြား ​အ​ဆင်​ပြေ​အောင် ​လုပ်​ပေး​ရ​မှာ​တွေ ​အား​လုံး​ကို​လည်း ​ဒီ​လို​ပဲ ​လုပ်​ပါ​လိမ့်​မယ်။ ​အဲ​ဒါ​တင် ​မ​ဟုတ်​သေး​ပါ​ဘူး​။ ​အ​လုပ်​သ​မား​တွေ ​အား​လုံး​ဟာ ​သူ​တို့​ကို ​တာဝန်​ယူ ​ဗီ​ဇာ​ရ​အောင် ​လုပ်​ပေး​ခဲ့​တဲ့​သူ​တွေ​ကို​လည်း ​သူ​တို့​ရဲ့ ​လ​စာ​ထဲ​က ​တ​ချို့​ကို ​ပြန်​ပေး​ရ​ပါ​တယ်။ ​ဒီ​တော့ ​ခေါင်း​ပုံ​ဖြတ်​တာ​တွေ ​အ​များ​ကြီး​ဖြစ်​နေ​တာ​ပေါ့​ဗျာ။ ​ဒါ​ပေ​မယ့် ​တ​ရား​၀င် ​လုပ်​ငန်း​စ​ဉ်​အောက်​မှာ ​အ​လုပ်​သ​မား​တွေ ​အား​လုံး​ကို ​တ​ရား​၀င်​အောင် ​လုပ်​ပေး​တဲ့​အ​ချိန်​မှာ ​အဲ​ဒီ ​ခေါင်း​ပုံ​ဖြတ်​မှု​မျိုး​တွေ ​ရှိ​မှာ ​မ​ဟုတ်​တော့​ပါ​ဘူး​။”

ရှမ်​ဆူ​ဒင်း​က​တော့ ​တ​ရား​မ၀င်ေ​ရွှ့​ပြောင်း​အ​လုပ်​သ​မား​တွေ​ကို ​နှိမ်​နှင်း​တာ​ဟာ ​ဆော်​ဒီ​အ ​ရေး​ဗီး​ယား​နိုင်​ငံ​မှာ ​ရေ​ရှည် ​နိုင်​ငံ​ခြား​သား​တွေ​ကို ​ဖယ်​ရှား​ပစ်​ဖို့ ​လ​က္ခ​ဏာ​တ​ခု​တော့ ​မ​ဟုတ်​ဘူး​လို့ ​ယုံ​ကြည်​ထား​ပြီး ​နိုင်​ငံ​ခြား​သား ​အ​လုပ်​သ​မား​တွေ ​လုပ်​နေ​တဲ့ ​ကိုယ်​တိုင် ​အား​စိုက်​လုပ်​ရ​တဲ့ ​လုပ်​ခ​လ​စာ ​နည်​ပါး​တဲ့ ​အ​လုပ်​မျိုး​တွေ​ကို ​နိုင်​ငံ​သား​တွေ​က ​လုပ်​လို​စိတ်​မ​ရှိ​ကြ​ဘူး​လို့ ​ဆို​ပါ​တယ်။

“​အဲ​ဒါ​က ​နိုင်​ငံ​သား​တွေ ​မ​လုပ်​ချင် ​တဲ့​အ​လုပ်​တွေ​ပါ။ ​ဒါ​ကြောင့် ​သူ​တို့​က ​နောက် ၂၅ ​နှစ်​လောက်​အ​ထိ ​အ​နည်း​ဆုံး ​နိုင်​ငံ​ခြား​သား ​အ​လုပ်​သ​မား​တွေ ​အ​များ​ကြီး ​လို​အပ်​နေ​အုံး​မှာ​ပါ​ပဲ။ ​ဒီ​တော့ ​သူ​တို့​က ​ရိုး​ရှင်း​လွယ်​ကူ​အောင် ​လုပ်​ပေး​ပြီး ​နိုင်​ငံ​ခြား ​အ​လုပ်​သ​မား​တွေ​ကို ​တ​ရား​၀င် ​ဖြစ်​အောင် ​လုပ်​တဲ့​အ​ခါ ​နိုင်​ငံ​ခြား​သား​တွေ​က ​တ​ရား​၀င် ​အ​လုပ်​သ​မား​တွေ​အ​ဖြစ် ​အ​လုပ်​ပြန်​လုပ်​ဖို့ ​အ​ခွင့်​အ​လမ်း​တွေ ​အ​များ​ကြီး ​ရ​လာ​ကြ​ပါ​လိမ့်​အုံး​မယ်။ ​ဒီ​တော့ ​လ​စာ​နှုန်း​ထား​တွေ ​မြင့်​တက်​လာ​သ​လို ​နေ​ရာ​ထိုင်​ခင်း​နဲ့ ​သယ်​ယူ​ပို့​ဆောင်​ရေး​လို​ကိ​စ္စ​တွေ​က ​တိုး ​တက် ​လာ​ပါ​လိမ့်​မယ်။ ​အဲ​ဒါ​တွေ ​အား​လုံး​ဟာ ​နိုင်​ငံ​ခြား​သား ​အ​လုပ်​သ​မား​တွေ​အ​တွက် ​ကောင်း​လာ​မယ့်​ဟာ​တွေ​ပေါ့​ဗျာ။”

နောက် ​ဂါ​ရီ​မာ​တီ​နက်ဇ်​က ​ဒီ​လို ​နှိမ်​နှင်း​ပေ​မယ့် ​နောက် ​လာ​မယ့်​နှစ်​တွေ​မှာ​လည်း ​ဖိ​လစ်​ပိုင်​အ​လုပ်​သ​မား​တွေ​ဟာ ​ဆော်​ဒီ​အာ​ရေး​ဗီး​ယား​ကို​ပဲ ​ဆက်​ပြီး​လာ​နေ​ကြ​လိမ့်​အုံး​မယ် ​လို့ ​ပြော​ပါ​တယ်။

“​ဆော်​ဒီ​ဟာ ​ဈေး​ပေါ​တဲ့ ​လုပ်​အား​ကို ​လို​နေ​တဲ့​အ​တွက် ​ဒု​က္ခ​ရောက်​ရ​တဲ့​နိုင်​ငံ ​ဖြစ်​နေ​အုံး​မှာ​ပါ​ပဲ။ ​သူ​တို့​က ​အ​န္တ​ရာယ်​ရှိ​တဲ့ ​အ​လုပ် ၃ ​ခု ​ဖြစ်​တဲ့ ​ညစ်​ပတ်၊ ​ခက်​ခဲ ​အ​န္တ​ရာယ်​ရှိ​တဲ့ ​အ​လုပ်​တွေ ​လုပ်​ဖို့ေ​ရွှ့​ပြောင်း​အ​လုပ်​သ​မား​တွေ ​လို​နေ​ပါ​တယ်။ ​နောက်​တ​ခု​က​တော့ ​ဘယ် ​ဆော်​ဒီ​နိုင်​ငံ​သား​က​မှ ​သူ​တို့ ​နေ​ရာ​ကို ၀င်​ယူ​ချင်​စိတ် ​မ​ရှိ​ကြ​တာ​ပါ​ပဲ။”

ရေ​ဒီ​ယို ​ဩ​စ​တြေး​လျ​က ​ဘီလ်​ဘာ​တဲလ် ​က ​သ​တင်း​ရ​ယူ​ထား​ပါ​တယ်။
DVB