Friday, November 29, 2013

အသက် ၉၀ ကျော် တောင်တွင်းကြီးမှ စာရေးဆရာကြီး တံစဉ်သိန်း စာဆိုတော်နေ့ သက်ကြီး စာပေပညာရှင်ကြီးများ ပူဇော်ပွဲ တက်ခွင့်မရ

တောင်တွင်းကြီး၊ နိုဝင်ဘာ ၂၄
ရန်ကုန်မြို့တွင် ကျင်းပတော့မည့် ၁၃၇၅ ခုနှစ်၊ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေပညာ ရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို မြန်မာနိုင်ငံ စာရေးဆရာအသင်းက ဦးစီး၍ ဆောင်ရွက် လျက်ရှိရာ အသက် ၈၀ ကျော် စာပေပညာရှင်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာရင်းပြုစု ဖိတ်ကြားကြောင်း သိရှိရသည်။ သို့သော်လည်း မကွေးတိုင်းေ ဒသကြီး တောင် တွင်းကြီး မြို့နယ်မှ အသက် ၉၀ ကျော် စာရေးဆရာကြီး တံစဉ်သိန်းသည် သက်ကြီး စာပေပညာရှင်ကြီးများ ပူဇော်ပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း မခံရဟု သတင်း ရရှိ၍ မြန်မာသံတော်ဆင့်မှ စာရေးဆရာကြီး တံစဉ်သိန်း၏ နေထိုင် ရာ တောင်တွင်းကြီး မြို့နယ်၊ ပြည်တော်လမ်း၊ အုန်းတော(၁)၊ အမှတ် ၂၁၀ နေအိမ်သို့ သွားရောက်၍ မေးမြန်းခဲ့ရာ ““အရင်တုန်းက စာပေစာနယ်ဇင်း အဖွဲ့ဝင် ၆၅၆၅ ဖြစ်ပြီး၊ ဆရာဦးလှမြိုင်ကို ရန်ကုန်ရုံးသို့ သွားရောက်သတင်းပို့ ကန်တော့ခဲ့ကြောင်း၊ ထိုစဉ်က ကလောင်အမည်တွင် ““တံစဉ်””ပါ၍ သက်ကြီးပူဇော်ပွဲ စာရင်း ထည့်သွင်း မခံရခြင်း ဖြစ်နိုင်ကြောင်း၊ ယခင်က ပမညတ နိုင်ငံရေး လှုပ်ရှား၍ တောင်တွင်းကြီး ထောင်ထဲ ၀င်ခဲ့ ရသေးကြောင်း၊ ယခုအသက်ကြီးလာပြီ ဖြစ်ကာ ကျန်းမာရေးအရ စိတ်က ဆောင်နေ၍သာ ဖြစ်ကြောင်း”” ဟု ပြောသည်။ …

စာရေးဆရာကြီး တံစဉ်သိန်း၏ မွေးသက္ကရာဇ်မှာ ၁၉၂၃၊ ဇူလိုင် ၈ ရက်ဖြစ်ပြီး ၁၉၅၆ ခုနှစ်မှစ၍ ကျော်သိန်း (တောင်တွင်းကြီးထောင်) ကလောင်အမည်ဖြင့် စတင်ရေးသားခဲ့ပြီး၊ ပြည်သူ့ဂျာနယ်၊ ဆရာ သော်တာဆွေ၏ “အဟိ”မဂ္ဂဇင်း၊ ရင်ခုန်သံ မဂ္ဂဇင်း၊ စီးပွားရေး လမ်းညွှန်၊ တောင် တွင်းရွှေပြည်မဂ္ဂဇင်း၊ ပြည်တွင်း သတင်းဂျာနယ် များတို့တွင် စာပေများ ရေးသား ဖော်ပြခြင်း ခံခဲ့ရသည်။

အသက် ၉၀ ကျော် စာရေးဆရာကြီး တံစဉ်သိန်း သက်ကြီးစာပေ ပညာရှင်များ ပူဇော်ပွဲသို့ တက်ရောက်ခွင့် မရခြင်းနှင့် စပ်လျဉ်း၍ တောင်တွင်းကြီး မြို့နယ် စာရေးဆရာအသင်းမှ ဦးခင်မောင်ရင်ကို မေးမြန်းခဲ့ရာ ယခင်က စာပေဗဟိုသို့ တင်ပြသော်လည်း စာရင်းမပါ၍ ယခုအခါ အထက်သို့ တင်ပြရန် စိတ်မပါ တော့ကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။

ယခင်က မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့မှ ကြီးမှူး ပြုလုပ်သော စာပေသက်ကြီးပူဇော်ပွဲ များတွင်လည်း အသက် ၉၀ အရွယ် စာရေးဆရာကြီးများ တက်ရောက်ခွင့် မရသောဖြစ်စဉ် ရှိခဲ့ပြီး၊ ရန်ကင်းမြို့နယ်မှ စာရေး ဆရာ သခင်လှကြည် (လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်) စာရေးဆရာ အဖွဲ့ဝင် အမှတ် ၃၀၈၆ သည်လည်း အသက် ၉၀ အထိ ဖိတ်ကြားခြင်း မခံခဲ့ရကာ၊ အမည်စာရင်းပါ၍ ပူဇော်ပွဲသို့ ဖိတ်ကြားခံရသည့် ၂၀၁၁ နှစ်တွင်မူ အခမ်းအနားသို့ မတက်ရောက် နိုင်တော့ဘဲ ကွယ်လွန်သွားခဲ့သည်။
MH-0011
Myanmartandawsint Newspaper