Friday, November 22, 2013

တ​မူး​ ခ​ရိုင်​တွင်း ​လက်​ဖက်​ရည်​ဆိုင်​မှာ ​ပေါက်​ကွဲ​မှု ​ဖြစ်​ပွား

22 November 2013
မြန်​မာ- ​အိ​န္ဒိ​ယ​နယ်​စပ်   ​စစ်​ကိုင်း​တိုင်း​ဒေ​သ​ကြီး ​တ​မူး​ခ​ရိုင်​ထဲ​က  ​ကျေး​ရွာ​တ​ခု​မှာ  ​လူ​တွေ ​ထိ​ခိုက်​ဒဏ်​ရာ​ရ​မှု​မ​ရှိ​တဲ့​  ​အ​သေး​စား​ပေါက်​ကွဲ​မှု ​ဖြစ်​ပွား​ခဲ့​တယ်​လို့​  ​တ​မူး​ခ​ရိုင် ​ရဲ​တပ်​ဖွဲ့​မှူး​ရုံး​က ​ဒီ​ဗွီ​ဘီ​ကို  ​ပြော​ပါ​တယ်။

တ​မူး​မြို့​မြောက်​ဘက် ​မိုင် ၄၀ ​လောက်ဝေး​တဲ့​   ​မြို့​သစ်​မြို့​နယ်​ခွဲ   ​အောင်​ဇေ​ယျ ​ကျေး​ရွာ​က ​ဒေါ်ဝင်း​တင် ​လက်​ဖက်​ရည်​ဆိုင်​မှာ  ​နိုဝင်​ဘာ ၂၁ ​ရက်​နေ့​မ​နက်​က ​ပေါက်​ကွဲ​မှု ​ဖြစ်​ခဲ့​တယ်​လို့​  ​ခ​ရိုင်​ရဲ​တပ်​ဖွဲ့​မှူး​ရုံး ​တာဝန်​ကျ ​ရဲဝန်​ထမ်း​တ​ဦး​က ​ခု​လို ​ပြော​ပြ​ပါ​တယ်။

“၂၁ ​ရက်​နေ့ ​မ​နက်​ခင်း​ပိုင်း​  ၁ ​နာ​ရီ​ခွဲ​ဗျ၊ ​ထိ​ခိုက်​ဒဏ်​ရာ​ရ​တာ ​မ​ရှိ​ပါ​ဘူး​။ ​ပျက်​စီး​ဆုံး ​ရှုံး​မှု​က​တော့ ​အဲ​ဒီ​က ​လ​ဘက်​ရည်​ဆိုင်​ဆို​တော့ ​စား​ပွဲဝိုင်း​တွေ ​ထိုင်​ခုံ​လေး​တွေ ​ပျက်​စီး​ပါ​တယ် ​ခင်​ဗျ၊ ​ကျ​နော်​တို့​ဘက်​က ​ဆက်​လက်​စုံ​စမ်း​နေ​ပါ​တယ်​ဗျ။  ​ဘယ်​လို ​အ​ကြောင်း​အ​ရင်း​ကြောင့်​လဲ။ ​ဘယ်​အ​ဖွဲ့​အ​စည်း​က ​လုပ်​တာ​လဲ။ ​ပြီး​တော့ ​ဘာ​ကြောင့်​လုပ်​တာ​လဲ​ဆို​တာ  ​စုံ​စမ်း​နေ​ပါ​တယ်။”

အဲ​ဒီ​နယ်​မြေ​တ၀ိုက်​မှာ ​အိ​န္ဒိ​ယ​နိုင်​ငံ​ဘက်​က ​လက်​နက်​ကိုင် ​သောင်း​ကျန်း​သူ​တွေ ​မ​ကြာ​မ​ကြာ ​ခိုး​၀င်​လှုပ်​ရှား​လေ့ ​ရှိ​ပေ​မယ့် ​ပေါက်​ကွဲ​မှု ​ဖြစ်​ပွား​လေ့​မ​ရှိ​ကြောင်း​၊ ​ဒီ​တ​ခေါက်​တော့ ​သူ​တို့ ​အ​ချင်း​ချင်း​ကြား ​ပြဿ​နာ​ဖြစ်​လို့ ​တိုက်​ခိုက်​တာ​ဖြစ်​နိုင်​ကြောင်း​  ​တ​မူး​ခ​ရိုင်  ​ရဲ​စ​ခန်း​က ​ပြော​ပါ​တယ်။

ဒီ​ပေါက်​ကွဲ​မှု​နဲ့ ​ပတ်​သက်​ပြီး​  ​ဒီ​နေ့​ထုတ် ​နိုင်​ငံ​ပိုင် ​သ​တင်း​စာ​တွေ​မှာ​လည်း ​အ​မည်​မ​သိ ​လက်​နက်​ကိုင် ၃ ​ဦး​က ​လက်​ပစ်​ဗုံး ၁ ​လုံး​စီ​နဲ့ ​ပစ်​ပေါက်​ပြီး ​ထွက်​ပြေး​သွား​ကြောင်း​၊ ​ပေါက်​ကွဲ​တဲ့ ​နေ​ရာ​ကို ​ခ​ရိုင်​အုပ်​ချုပ်​ရေး​မှူး​၊ ​ခ​ရိုင်​ရဲ​တပ်​ဖွဲ့​မှူး​နဲ့ ​တာဝန်​ရှိ​သူ​တွေ ​သွား​ရောက်​စစ်​ဆေး​ရာ​မှာ ​ကူ​ကီး ​သောင်း​ကျန်း​သူ​တွေ ​သုံး​လေ့​ရှိ​တဲ့ ​လက်​လုပ်​မိုင်း​ဖြစ်​နိုင်​ကြောင်း​  ​ဖော်​ပြ​ပါ​တယ်။
DVB