Friday, November 22, 2013

နဝတ လက်ထက်မှ နိုင်ငံရေးပင်စင်များ ယခုလတွင် စတင်ရရှိ

မိုးညှင်း၊ နိုဝင်ဘာ၂၂။
မိုးညှင်းမြို့နယ်တွင် ရှစ်လးလုံးမတိုင်မီနှင့် န၀တလက်ထက်တွင် နိုင်ငံတော် တာဝန်ကို ထမ်းဆောင် ခဲ့ကြသော နိုင်ငံ့ဝန်ထမ်း ဟောင်းများက ၀န်ထမ်းပင်စင်လစာရရှိရေးအတွက် မြို့နယ်ထွေထွေ အုပ်ချုပ်ရေးသို့ အလျောက်ထားခဲ့ကြရာ ယခုအခါ အဆိုပါ ပင်စင်ခံစားခွင့်များ ရရှိပြီး ဖြစ်ကြောင်း မိုးညှင်းမြို့မှ ပင်စင်ခံစားခွင့် ရရှိသူ တစ်ဦးက ပြောသည်။

ယင်းပင်စင်ခံစားခွင့် ရရှိသူများ(၁၄)ဦးအား ပင်စင်ဥပဒေနှင့်အညီ နိုင်ငံရေးလစဉ်ပင်စင်ခွင့်ပြုချက် လက်မှတ်ပေးပွဲ အခမ်းအနားကို မိုးညှင်းမြို့နယ် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်အကျိုးကို ဆောင်ရွက်ခဲ့ကြတဲ့ သက်ကြီးဝန်ထမ်း ဟောင်းတွေရဲ့ အခက်အခဲကို တတ်နိုင်သလောက် ကူညီဆောင်ရွက် ပေးခဲ့တာပါ။ ပြည်သူက တင်မြောက်ထားတဲ့ပြည်သူ့ ကိုယ်စားလှယ်တွေက အမြဲတမ်းပြည်သူတွေရဲ့ အကျိုးကို သက်ဆိုင်ရာတွေနဲ့ ပေါင်းစပ် ညှိနှိုင်းပြီး ဆောင်ရွက်သွားရမှာပါ”ဟု နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့
အခွင့်အရေးဆိုင်ရာကော်မတီဝင် ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်ဦးကျော်စိုးလေးကပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းတင်အောင်က မိုးညှင်းမြို့နယ်အတွင်း နိုင်ငံရေးပင်စင်များအ တွက် ဥပဒေနှင့်အညီနိုင်ငံရေးလစဉ်ပင်စဉ်ခံစားပိုင်ခွင့်ရနိုင်ရေး အတွက် ပါတီနှင့်ပြည်သူ့ကိုယ်စား လှယ်များကြိုးစား ဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်းခဲ့သည်။

“မရနိုင်တော့ဘူးလို့ တွက်ထားတဲ့နိုင်ငံရေးပင်စင် လစာရတော့မယ် ဆိုတော့ အတိုင်းမသိဝမ်းသာရပါ တယ်။ နိုင်ငံရေးလစဉ်ပင်စင် ခွင့်ပြုချက်ကို လုပ်ထုံးလုပ်နည်းနဲ့အညီ အမြန်ဆုံရရှိအောင် ဆောင်ရွက်ပေးခဲ့ တဲ့ ပါတီနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ကျေးဇူးတင်ပါတယ်။ တစ်ခြားမြို့နယ်ပါတီတွေ က ပြည်သူ့အကျိုးပြုမပြုဆိုတာ မသိပေမဲ့ မိုးညှင်းပြည်ခိုင်ဖြိုးပါတီက ပြည်သူ့အကျိုးပြု လုပ်ငန်းများကို အမြဲဆောင်ရွက်ပေးနေလို့ ပြည်သူတွေက ယုံကြည်အားထားနေရတာပါ”ဟု ပင်စင်စားဦးမြတ်ကျော် က ပြောကြားသည်။
စိုးအောင်(ကချင်)
မြန်မာ့ခေတ်