Wednesday, November 20, 2013

နတ်မောက်မြို့ ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်မိန့် ခွန်းများ အမြဲမပြတ်ဖွင့်ထားသင့်


နတ်မောက်မြို့ ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်မိန့် ခွန်းများ အမြဲမပြတ်ဖွင့်ထား သင့်ကြောင်း      အမျိုးသား လွှတ်တော် ဒုတိယဥက္ကဌ ဦးမြငြိမ်း အကြံပြုပြောဆိုလိုက်ပါတယ်။

''ဗိုလ်ချုပ်ကိုချစ်တဲ့၊ လေးစားတဲ့ သူတွေက ဒီကိုလာကြမယ်။ လာတဲ့သူတွေကို ဗဟုသုတဖြစ်အောင်၊ဆွတ် ပျံကြည်နူး ဖွယ်ဖြစ်နေအောင် ပြတိုက်ဖွင့်ထားတဲ့ အချိန်တွေမှာ ဗိုလ်ချုပ်မိန့် ခွန်းတွေကို မတိုးလွန်းမ ကျယ်လွန်း အနေအထားမျိုးနဲ့  ဖွင့်ပေးထားသင့်တယ်။ ဒါမှ ဒီကိုလာတဲ့သူတွေက ပြတိုက်က ဗိုလ်ချုပ်ရဲ့အမှတ်တရ ဓာတ်ပုံတွေ၊ ပစ္စည်းတွေကို ကြည့်ကြရင်းနဲ့ ဗိုလ်ချုပ်ရဲ့ အသံကိုပါ ကြားကြရတော့ လာကြည့်ကြသူများအနေနဲ့ ဗိုလ်ချုပ်ကို ကိုယ်တိုင် တွေ့ နေရ သလိုမျိုး ခံစားလာရ မယ်။ ဒါလေးတွေ ကိုဒီပြတိုက်မှာရှိသင့်တယ်။ ဒါ အကြံပြုတာပါ''ဟု နတ်မောက်မြို့  ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် နိုဝင်ဘာလ၁၆ ရက်နေ့ က လာရောက်လေ့လာရင်း အမျိုးသားလွှတ်တော် ဒု-ဥက္ကဌဦးမြငြိမ်းကပြောသည်။

နတ်မောက်မြို့ ရှိ ဗိုလ်ချုပ်ငယ်စဉ်က မိဘများနှင့် အတူ နေထိုင်ခဲ့ရာ အဆိုပါနေအိမ်ကြီးမှာ နတ်မောက်မြို့ အောင်ဆန်းရပ်တွင် တည်ရှိပြီး၊ ရပ်ကွက်ကြီး မီးလောင်စဉ်က မီးဘေးသင့်ရာတွင် ပါသွား ခဲ့ပြီး အိမ်ရှေ့ကဇောင်ချမ်းပင်နှင့် ကျောက်ပြားကြီးတစ်ချပ် သာကျန်ခဲ့ကြောင်း၊ ယခုမြင်တွေ့ ရသမျှ အရာအားလုံးမှာ ယခင်ကအနေအထားများနှင့် တတ်နိုင်သမျှ တူနေအောင်ကြိုးစားဆောင်ရွက်ထားကြ သည်များ ဖြစ်ကြောင်းနတ်မောက်မြို့ နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်စိုးကရှင်းပြသည်။

ဗိုလ်ချုပ်နေအိမ်ပြတိုက်အတွက် အမျိုးသားလွှတ်တော်ဒု-ဥက္ကဌဦးမြငြိမ်းနှင့် ဇနီးဒေါ်မြင့်မြင့်သိန်း မိသားစုတို့ကအလှူငွေ ကျပ်နှစ်သိန်းတိတိလှူဒါန်းခဲ့ရာပြတိုက်ကော်မတီအဖွဲ့ ကလက္ခံရယူသည်။

ဦးမြငြိမ်းနှင့်အဖွဲ့သည်နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်တွင်ဖွင့်လှစ်ထားသည့်''ဇာနည်မြေမျိုး ဆက်ပညာပန်းခင်းအခမဲ့ အလွတ်ပညာသင်ကျောင်း''သို့ သွားရောက်ကာ အထွေထွေအသုံးပြုရန်အတွက် အလှူငွေ ကျပ်သုံးသိန်းတိတိလှူဒါန်းခဲ့သည်။ ဇာနည်မြေအလွတ် ပညာသင်ကျောင်းမှ အုပ်ချုပ်မှုကော်မတီမှ ဦးလှရှိန်(တိုင်း-လ/ထပညာရေး မှူးငြိမ်း)၊ ကျောင်းအကျိုးတော်ဆောင် ရှေ့နေဦးသိန်းမြင့်တို့က ကျေးဇူး တင်စကားများ ပြန်လည်ပြောကြားပြီး၊ အမျိုးသားလွှတ် တော်ဒု-ဥက္ကဌဦးမြငြိမ်းက ဤကျောင်းမှ ထူးချွန်အောင်မြင်ကြသည့် ကျောင်းသားကျောင်းသူများအား ထိုက်တန်သောဆုများ ချီးမြှင့်သွား မည်ဖြစ်ကြောင်းပြောကြားသွားသည်။

အမျိုးသားလွှတ်တော်ဒု-ဥက္ကဌဦးမြငြိမ်းသည် နတ်မောက်မြို့ တမာပင်ကျောင်းတွင် ပြုလုပ်သော မိသားစုကထိန်ပွဲသို့လာ ရောက်ရင်း နတ်မောက်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး နတ်မောက်မြို့ နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့ နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ မြို့ နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့ နယ်အထောက်အကူပြုကော်မတီအဖွဲ့ ဝင်များနှင့် လိုအပ်သောမှာ ကြားမှုများပြု လုပ်ခဲ့ကြောင်းသိရသည်။
အဓိပတိဘွား
Thit Htoo Lwin