Wednesday, November 20, 2013

တဲအိမ်လေးထဲက စိန်တစ်ပွင့်


တဲအိမ်လေးထဲက စိန်တစ်ပွင့်

သူ့အိမ်လေးက စုတ်ပြတ်နုံချာလှသလောက်
သူ့သမိုင်းတို့က ခမ်းနားထည်ဝါ၊

သူ့မှာ
စားစရာ လုံလုံလောက်လောက်မရှိ၊
ဒါပေမယ့်...
ပြစရာ သမိုင်းကြောင်းကောင်းတွေ ရှိတယ်...၊
ပေးစရာ သင်ခန်းစာကောင်းတွေ ရှိတယ် ၊

မစွန့်ဘဲ စားနေကြသူတွေ...
ရှက်တတ်စေဖို့
မစားဘဲလည်း စွန့်နိုင်ခဲ့တဲ့အကြောင်း
ကောင်းကောင်းကြီး သက်သေပြခဲ့တယ်။

တို့ဗမာအစည်းရုံးဝင် သခင်တစ်ယောက်ကို
လမ်းဘေးပလက်ဖောင်းပေါ်မှာ ပြန်ကောက်နေရတဲ့ ခေတ်အကြောင်း
သူ့ဘ၀နဲ့ရင်းပြီး မီးမောင်းထိုးပြခဲ့တယ်...။ ။


(တို့ဗမာအစည်းရုံးဝင် အဖိုးသခင်လှကြိုင်သို့ ဂါရ၀စိတ်ဖြင့် )
လင်းအောင်ပြည့်
FB-Linaung Pyae