Monday, November 25, 2013

ရိုက်နှက်ကာ သိန်း ၃၀ကျော်တန် ရွေဆွဲကြိုး လုယက်မှု မန်းတွင်ဖြစ်ပွား

မန္တလေး၊ နိုဝင်ဘာ ၂၅
ဒဏ်ရာအနာတရဖြစ်အောင်ရိုက်နှက်ကာ ကာလပေါက်ဈေးငွေကျပ် သိန်း ၃၀ကျော်တန်သော ရွှေဆွဲကြိုး လုယက်မှု နိုဝင်ဘာ ၂၄ရက်နေ့ နံနက် ၅နာရီခွဲ အချိန်ခန့်ကမန်းတွင်ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေ သကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂၄ရက်နေ့ မနက် ၅နာရီခွဲ အချိန်ခန့်က အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်တွင် ဒေါ်----သည် ခင်ပွန်းဖြစ်သူ ဦး-----နှင့် အတူ နေအိမ်ရှိခွေးများအား လမ်းလျှောက်ထိန်းကျောင်းရာမှ နေအိမ်သို့ပြန်လာခဲ့ပြီး ဇနီးဖြစ် သူ ဒေါ်--မှာ ခွေးများအား နေအိမ်နောက်ဘက်ခွေးလှောင်အိမ်သို့ သွားထားစဉ် နေအိမ်ရှေ့ မှ ခွေးဟောင်သံကြားရသဖြင့် ထွက်ကြည့်ရာ ခင်ပွန်းဖြစ်သူ၏ ဂျိုစောင်းတွင် ရိုက်နှက်ခံရသည့်  ဒဏ်ရာ(စိုးရိမ်ရ)ရရှိ ထားကြောင်းနှင့် ၄င်း၏လည်ပင်းတွင်ဆွဲထားသော အလေးချိန် ငါးကျပ်သားခန့် ရှိ ရွှေဆွဲကြိုးတစ်ကုံး (တန်ဖိုးငွေ ကျပ်သိန်း ၃၀ကျော်ခန့်) ပျောက်ဆုံးနေကြောင်းတွေ့ရှိရသဖြင့် မန္တလေးဆေရုံကြီး သို့ပို့ဆောင်ကုသလျှက်ရှိသည်။

ရိုက်နှက်လုယက်သူအား နမစ (အမှတ်-၁)ပ ၂၀၄/၂၀၁၃ပြစ်မှုပုဒ်မ ၃၂၅/၃၈၆အရ အမှုဖွင့်ထားပြီး တရားခံအား ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းလျှက်ရှိကြောင်း တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှတ်တမ်းများအရသိရသည်။
Popular Myanmar News Journal