Tuesday, November 19, 2013

ကိုကို ရေချို ရွှေပုဇွန် ထုပ်ကြီးများရဲ့ရှေ့ရေး ရင်မအေးဘွယ် စာမိကြ သူများလည်း ရင်ပူလို့  မျက်ပြူးဘွယ်

ဧရာဝတီမြစ်ဝှမ်း လွင်ပြင်အတွက် CSEA လုပ်ကြရင်း ကြားမိသိရှိခဲ့ရတာလေးပါ ရေနံချောင်းဘက်နဲ့ ရှိမ်းမကားဘက် က တံငါသည်တွေဆီက သိခဲ့ရတာက ပုဇွန်ထုပ်ကြီးတွေသီးသန့် ဖမ်းတဲ့သူတွေ့ သူတို့ သုံးတဲ့ဆေးမှုန့် က ဂျပန် ကလာသော အပင်အတွက်ဆေး ဈေးကကြီးတယ် အထုပ်ကြီးတထုပ် သိန်းဂဏန်းတန်ပါတယ်။ သူတို့ က ပုဇွန် ခိုအောင်းနိင်မယ့်နေရာ ရှိတတ်သောနေရာတွေမှာ ဆေးမှုန့် ကို အပေါ်ကဖြူးလိုက်ပြီး စောင့်နေကြပါတယ်။

ဆေးက ရေနဲ့တွေ့ဓါတ်ပြုပြီး ပျော်ဝင်သွား နဲနဲကြာရင် ရေအောက်မှာရှိတဲ့ ပုဇွန်ထုပ်ကြီးတွေ ကုန်းပေါ်ပြေးတက်ကုန်ကြတယ်။ အဲဒီအခါ အရံသင့်တောင်းနဲ့ကောက်ထည့်ကြရုံပါတဲ့ အဲဒီနည်း နဲ့ဖမ်းမိ တဲ့ ပုဇွန်တွေကိုကြည့်ရင် နဂိုလ်ကတည်းကပြူးထွက်နေတဲ့မျက်စေ့တွေက ဘေးကို ကားထွက်ပြီး တိမ်အုပ်သလို အဖြူရောင်သက်သက်ဖြစ်သွားကြတယ်။ ဒါ့အပြင် ငါးအသေးလေးတွေလဲ ကုန်းပေါ်ကိုပြေး တက်ကုန်ကြတာ အဲဒါတွေကိုတော့ သူတို့ ကမယူဘူး ဘေးက သူတွေကောက်ယူကြတာ တောင်းနဲ့ အပြည့်ရကြတယ်တဲ့။

ဒီနည်းနဲ့ အရင်က ဖမ်းခဲ့ဘူးတဲ့ ရေနံချောင်း ညောင်ပင်သာက တံငါသည်ကြီး ဦးစိုးတင့် ကပြောပြပါ တယ်။ အခုတော့ ပုဇွန်တွေဖြစ်သွားကြတဲ့ပုံမြင်ရပြီးစိတ်မကောင်းလွန်းလို့  မဖမ်းတော့ဘူးတဲ့။ (ဆေး နာမည်ကိုတော့ မဖေါ်ပြတော့ပါ) ၄င်းပုဇွန်ထုပ်ကြီးများကို Hotel တွေကိုသွင်းခဲ့ကြသတဲ့။

ရှိမ်းမကားဘက်ကြပြန်တော့ အဆိပ်ပုလင်းချငါးဖမ်းနည်းတဲ့ဗျာ အဆိပ်ပုလင်း ကိုရေထဲကြိုးချည်ချ ထားရုံနဲ့ရေပေါ်ကို ငါတွေပေါ်လောတက်လာကြတယ် ကောက်ရုံပါဘဲ ၄င်းနည်းနဲ့ဖမ်းလို့ မိတဲ့ငါးတွေမှာ မျက်လုံးတွေ ကသွေးတွေယိုနေတာတွေ့ကြရတယ်လို့  ရှိမ်းမကား site CSEA pilot survey အဖွဲ့ကတင်ပြ သွားပြန်ပါတယ်။

နောက်တခုက bettery shock တိုက်တဲ့နည်းပါ အများသိနေသလို bettery အိုးလေးလွယ်ပြီး တိုက်ကြတာမဟုတ်တော့ပါ ဧရာဝတီမြစ်ကြီးထဲ ပေ ၄/၅ ရာ စက်လှေနှစ်စင်း တရုပ်အင်ဂျင်နဲ့ ပိုက်ထဲ ဝါယာကြိုးယှက်ပြီး မြစ်ကြမ်းပြင်ထိ ပိုက်ချပြီး တိုက်လိုက်တာ ငါးအကုန်နီးပါးဘာမှမခံနိင်ကြပါ လင်းပိုင်တွေလဲ ဒီနည်းနဲ့ခံနေခဲ့ကြရပါပြီ်။

ဒီနည်းတွေတော်တော်များများ ဟာ ထိုင်းနိင်ငံဘက်ကနေ ကူးစက်လာခြင်းပါ ဒါပေမယ့် အခုအခါမှာတော့ သူတို့ နိင်ငံမှာ ဘယ်သူမှလက်မခံတော့ဘဲ community river လုပ်ပစ်ပြီး အစုအဖွဲ့နဲ့ ဝိုင်းထိမ်းနေကြပါပြီ။ ကျွန်တော်တို့ နိင်ငံမှာတော့ တရားမဝင်နည်းပေါင်းစုံ သိသိနဲ့တမျိုး မသိမသာတ မျိုး ငွေပေးခြင်း ခြိမ်းခြောက့်ခြင်း အစရှိသောပုံစံမျိုးစုံနဲ့ ဝိုင်းသမနေကြတာင်္တေကို အာဏာပိုင် အင်းပိုင် ရှင် လေလံပိုင်ရှင်မြစ်ကြောင်းထိမ်းသိမ်းရေးတွေ ငါးလုပ်ငန်းဦးစီးတွေ တော်တော်များများသိကြပါတယ်။ အခုထိ ထိထိရောက်ရောက်မတားဆီးနိင်သေးရင် ကျွန်တော် တို့ နိင်ငံရဲ့ Bio diversity ကတော့ နားလံထူဘို့  မလွယ်တော့ပါ။
FB-ကိုမောင်မောင်ဦး
စိမ်းရောင်စို (Activities) မန္တလေး