Tuesday, November 19, 2013

နေပြည်တော် AGD ဘဏ် ပြည်သူများ အလုအယက်ငွေ ထုတ်နေ သည့်ဆိုသည့်သတင်း ကောလာဟလသာဖြစ်

ရန်ကုန်။ နိုဝင်ဘာ ၂၀
AGD ဘဏ်များတွင် ပြည်သူများအလုအယက်ငွေ ထုတ်နေ သည့် သတင်းသည် ကောလာဟလသာဖြစ်ပြီး Cyber တိုက်ခိုက်မှု တစ်ခုဖြစ်ကြောင်း AGDဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။

''အွန်လိုင်းfacebook အကောင့်တစ်ခုမှာ နေပြည်တော်ဘဏ်မှာ ပြည်သူတွေ အလုအယက်နဲ့ငွေတွေထုတ်နေတယ်ဆိုပြီး တင်လာတာတွေ့ပါ တယ်။ နေပြည်တော်ဘဏ်မှာလည်း လာတဲ့လူတောင်မရှိဘူးလို့ ဘဏ်က လဲဆက်သွယ်ပြောပါတယ်။ ဒါဟာ Cyber Bullying လုပ်တာပါ။ ကောလာ ဟလလုပ်ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ် အောင်လုပ်တာပါ။ အားလုံး အေးအေးဆေးဆေးပါ" ဟု ယင်းကပြောသည်။
Yangon Media Group